အုပ်စုဗိုလ်ရရှိဖို့ အင်ဒိုကို မဖြစ်မနေ အနိုင်ကစားရမယ့် မြန်မာ

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အာဆီယံ ယူ-၁၆ အမျိုးသား ချန်ပီယံရှစ်ပြိုင်ပွဲကတော့ မနေ့က အုပ်စု(က)ရဲ့ အဖွင့်ပွဲများ ကစားခဲ့ပါတယ်။

အဖွင့်ပွဲတွေအပြီးမှာတော့ မြန်မာက တီမောကို ၃-၂ ဂိုးနဲ့လည်းကောင်း၊အိမ်ရှင်အင်ဒိုနီးရှားက ဖိလစ်ပိုင်ကို ၈-၀ ဂိုးနဲ့လည်းကောင်း၊ ဗီယက်နမ် က ကမ္ဘောဒီးယားကို ၁-၀ ဂိုးနဲ့လည်းကောင်း အသီးသီးအနိုင်ယူခဲ့ကြပါတယ်။

ဒါကြောင့် ဂိုးကွာခြားချက်အရ အိမ်ရှင် အင်ဒိုနီးရှားအသင်းက အုပ်စုဗိုလ်၊မြန်မာက အုပ်စုဒုနဲ့ ဗီယက်နမ်က အုပ်စုတတိယတို့မှာအသီးသီး ရပ် တည်နေကြပါတယ်။

အုပ်စု ဒုတိယပွဲစဉ်တွေကိုတော့ လာမယ့် ဇူလိုင် ၃၁ရက်နေ့ (မနက်ဖြန်)မှာ ဆက်လက်ကစားသွားမှာ ဖြစ်ပြီး မြန်မာနဲ့ အင်ဒိုနီးရှား၊ ဗီယက်နမ် နဲ့ အရှေ့တီမော၊ ကမ္ဘောဒီးယားနဲ့ ဖိလစ်ပိုင်အသင်းတို့ တွေ့ဆုံကြမှာပါ။

မြန်မာအသင်းနဲ့ အိမ်ရှင် အင်ဒိုနီးရှားအသင်းတို့ ပွဲစဉ်ကတော့ ဒီအုပ်စုမှာ အုပ်စုဗိုလ်အဖြစ် ဘယ်သူက ဦးဆောင်မလဲ ဆိုတာကို အဆုံး အဖြတ် ပေးမယ့် ပွဲစဉ်သဖွယ် ရှိနေပါတယ်။

မြန်မာက အနိုင်ရခဲ့ရင် ရမှတ် ၆ မှတ်နဲ့ အုပ်စုကို ဦးဆောင်နိုင်မှာ ဖြစ်သလို အင်ဒိုနီးရှားအသင်းကလည်း တစ်ဖက်က ဗီယက်နမ်အသင်းက အနိုင် ရခဲ့ပါက အုပ်စုဗိုလ်သေချာဖို့ မြန်မာကို မဖြစ်မနေ အနိုင်ကစားထားဖို့ လိုနေတာ ဖြစ်ပါတယ်။

အာဆီယံ ယူ-၁၆ ပြိုင်ပွဲကို ၂၀၀၅ ခုနှစ်မှ စတင်ပြီး နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့တာ ဖြစ်ပေမယ့်လည်း ၂၀၀၉ နဲ့ ၂၀၁၄ ခုနှစ်တွေမှာတော့ ကျင်း ပနိုင်ခဲ့ခြင်းမရှိပါဘူး။

စတင်ကျင်းပတဲ့ ၂၀၀၅ ပြိုင်ပွဲမှာတော့ မြန်မာအသင်းက ထိုင်းအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ယူပြီး ပထမဆုံး ချန်ပီယံ ဖြစ်ထားခဲ့ ပါတယ်။

Source: Duwun