ရွှေဘိုခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခရိုင်မြို့နယ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ရွှေဘိုခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့ နယ် ခရိုင်လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁ဝ နာရီက ရွှေဘို ခရိုင်ပါတီရုံးတွင်ကျင်းပရာ ခရိုင်ပါတီဥက္ကဋ္ဌဦးစိုးအေးက တိုင်း ဒေသကြီးပါတီ၏ လမ်းညွှန်မှုများ အား ထပ်ဆင့်ရှင်းလင်းပြီး မြို့နယ် ပါတီဥက္ကဋ္ဌများက မိမိတို့မြို့နယ် များ၏ လုပ်ငန်းဆောင်ရွက်ချက် များကို အသီးသီးဆွေးနွေးကြ သည်။
ထို့နောက် ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိုးအေးက ရှေ့ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အသေးစိတ် ဆွေးနွေးပြီး မွန်းတည့် ၁၂ နာရီ တွင် အစည်းအဝေးပြီးမြောက် ခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ ရွှေဘိုခရိုင် ကော်မတီဝင်များ၊ ရွှေဘိုခရိုင် ခြောက်မြို့နယ်မှ ဥက္ကဋ္ဌနှင့်အတွင်း ရေးမှူးများ တက်ရောက်သည်။

စိမ်းနိုင်(ဝက်လက်)