ပြောင်းလဲချိန်တန်ပြီဆိုပေမယ့် အကုန်လုံးတော့ မပြောင်းလဲသေးပါဘူးဆိုတဲ့ သရုပ်ဆောင်သဉ္ဇာနွယ်ဝင်း


လတ်တလောမှာ ဂီတလူငယ်လေးတစ်ဦးရဲ့အချစ်တော် ကောင်မလေးဖြစ်နေသူ Bo Bo Film ရုပ်ရှင်ထုတ်လုပ်ရေးကနေထုတ်လုပ်ရိုက်ကူးပြီး ဇာတ်လမ်း မိုးစက်ဝိုင်၊ဇာတ်ညွှန်း ဆူးခက်မင်း၊ ဒါရိုက်တာသားညီရိုက်ကူးတဲ့ ‘ဟဲ့’ဗီဒီယိုဇာတ်ကားတွင် အဆိုတော်ရဲရင့်အောင်နဲ့အတူ တွဲဖက်သရုပ်ဆောင်ထားသူ ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် သဉ္ဇာနွယ်ဝင်း။

• သဉ္ဇာရဲ့လတ်တလော အနုပညာလှုပ်ရှားမှုနဲ့ ဒီကနေ့ အနုပညာလောကပေါ်အမြင်။
လတ်တလောကတော့ ”လူမိုက်ကျွန်း”ရုပ်ရှင်ကားကြီးရိုက်နေပါ တယ်။ ဝတ္ထုချိုင်း၊ ဒါရိုက်တာ ချိုင်းကိုယ်တိုင်ရိုက်ကူးတဲ့ကားကြီးမှာ ထပ်ဆင့်အကယ်ဒမီရန်အောင်၊ အကယ်ဒမီရဲအောင်၊ မင်းရာဇာ၊ ဟိန်း ဝေယံရယ်၊ ညီမနဲ့ဖူးဖူးတို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ ညီမက အဲ့ဒီ ကားမှာ ကိုရန်လေးနဲ့ချစ်သူကလေးမလေးအဖြစ် သရုပ်ဆောင်ထားပါတယ်။ ရုပ်ရှင်ကားကြီးအနေနဲ့ ဒါပထမဆုံးလို့ ပြောလို့ရပါတယ်။ ဒီကားမှာ အရမ်း ဟော့တဲ့ကောင်မလေးတစ်ယောက်ပေါ့နော်။ ဒါရိုက်တာက ညီမနဲ့ ဒီဇာတ်ရုပ် လိုက်ဖက်တယ်ဆိုပြီးနေရာပေးခဲ့လို့ သရုပ်ဆောင်ဖြစ်တာပါ။ ဒီနေ့ခေတ် ညီမတို့လို လူငယ်သရုပ်ဆောင်တွေကအရမ်းတော်ကြတယ်။ အားလုံးကဝါသနာလည်းကြီးသလို ဇွဲလည်းကောင်းကြတယ်။အဲ့ဒါကြောင့်ပရိသတ်လက်ခံမှုလွယ်ကူစွာရကြတယ်။ အရမ်းတော် ကြတော့ ကိုယ့်ဘက်ကလည်း သူတို့နဲ့အတူအရမ်းကြိုးစားရတယ်လို့မြင်ပါတယ်။

• ပြောင်းလဲချိန်တန်ပြီဆိုတဲ့ စကားအပေါ်အခုအချိန် သဉ္ဇာ ဘယ်လိုဖွင့်ဟချင်လဲ။
ပြောင်းလဲချိန်တန်ပြီဆိုတာ အပြောသက်သက်ထက် ကိုယ့်ကိုယ်တိုင်ပြောင်းလဲဖို့၊လုပ်ဖို့လိုပါတယ်။ အရေးကြီးပါတယ်။ ပြောင်းလဲချိန်တန်ပြီဆိုပြီး သူများကို ပြောနေတာထက် ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲအောင် ကြိုးစားတာ ပိုကောင်းမယ် လို့ထင်ပါတယ်။ ဒီစကားလေးကို သဉ္ဇာ အရမ်းသဘောကျပါတယ်။ ကိုယ်ကိုယ် တိုင်လည်းလုပ်တယ်။ သူများတွေကိုလည်းလုပ်စေချင်ပါတယ်။ အခုညီမကတော့ ကိုယ် အရင်က ကုန်ဆုံးတဲ့အခွင့်အရေးအချိန်တွေကို အခုချိန်မှာအကျိုးရှိရှိအသုံးချ နေတယ်။ ဒါပေမဲ့အကုန်လုံးတော့ မပြောင်းလဲသေးပါဘူး။ ညီမအနေနဲ့ ကြီးကြီး ကျယ်ကျယ်ပြောတာတော့မဟုတ်ပါဘူး။ တိုင်းပြည်တစ်ပြည်မှာ အဓိကကျတာ စည်းကမ်းရှိဖို့လိုပါတယ်။ ထင်လည်းထင်ပါတယ်။ ညီမလည်း သူများကိုပြော ဖို့ထက် ကိုယ်ကိုယ်တိုင်ပြောင်းလဲဖို့ကြိုးစားနေပါတယ်လို့။

ဒဂုံဝေလင်း


Leave a Reply