ရန်ကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ အပါတ်စဉ် အစည်းအဝေး ကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ အပါတ်စဉ် အစည်းအဝေးကို ၁. ၇ .၂၀၁၈ ရက်နေ့က ကျင်းပခဲ့ပါသည်။
ယင်းအစည်းဝေးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်ရန်ကုန်တိုင်းအတွင်းရေးမှူး ဦးသာဝင်း တက်ရောက်၍ ၂၀၁၇ / ၂၀၁၈ တက္ကသိုလ်ဝင်တန်းအောင်မြင် ဂုဏ်ထူးရကျောင်းသူကျောင်းသားတို့အား ဆုချီးမြှင့်ရန်နှင့် ဝါဆိုသင်္ကန်းကပ်ရန် ရပ်ကွက်ထဲရှိ အမာခံပါတီဝင်တို့အား တွေ့ဆုံရန် မှာကြားသွားခဲပါသည်။
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဘချစ်၊ အတွင်းရေးမှူး ဦးအောင်ဇော်ရဲနှင့် အမှုဆောင်တို့က အသီးသီးတင်ပြကြပြီး အစည်းအဝေးကို ညနေ ၀၄း ၀၀ နာရီအချိန်တွင် အောင်မြင်စွာဖြင့် ရုတ်သိမ်းခဲ့ပါသည်။

Aye Aung Myint