ကျောက်​ဆည်​ခရိုင်​အတွင်းရှိ မြို့နယ်​များမှ ပြည်​ခိုင်​ဖြိုးပါတီဝင်​များ ​တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌဦးသန်း​ဌေး တက်​​ရောက်​အမှာစကား​ပြောကြား

 

ဇွန်​(၂၈)၊​ကျောက်​ဆည်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်​ဆည်​ခရိုင်​အတွင်းရှိ မြို့နယ်​များမှ ပြည်​ခိုင်​ဖြိုးပါတီဝင်​များ ​တွေ့ဆုံပွဲအခမ်းအနားကို ​ယ​နေ့ နေ့လည် ၂ နာရီက ​ကျောက်​ဆည်​ခရိုင်​ ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင်​ ပြုလုပ်ကျင်းပခဲ့ရာ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေး တက်​​ရောက်​ အမှာစကား​ပြောကြားခဲ့သည်​။

အခမ်းအနားသို့ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးနှင့်​အတူ ပါတီအ​ထွေ​ထွေအတွင်း​ရေးမှူး ဦးသက်​နိုင်​ဝင်း၊ ပါတီဗဟိုလုပ်​အမှု​ဆောင်​ ဦးဝဏ္ဏ မောင်​လွင် (မန္တ​လေးတိုင်း​ဒေသကြီးပါတီနယ်​​မြေတာဝန်​ခံ)​၊ ပါတီဗဟိုလုပ်​အမှု​ဆောင်​ ဦးဝင်း​မောင် (မန္တ​လေးတိုင်း​ဒေသကြီးပါတီဥက္ကဋ္ဌ)၊ တို​င်း​ဒေသကြီးပါတီအတွင်း​ရေးမှူး ဦး​အောင်​​ကျော်​မိုး၊ ဗဟို​ကော်​မတီဝင်​များ၊ တိုင်းဒေသကြီးပါတီ​ကော်​မတီဝင်​များ၊ ​ကျောက်​ဆည်​ခရိုင်​ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦး​အောင်​မြင့်​သန်းနှင့်​ ခရိုင်​ပါတီ​ကော်​မတီဝင်​များ၊ ခရိုင်​အတွင်းရှိ မြို့နယ်​​ ၄ မြို့နယ်​မှ ပါတီဥက္ကဋ္ဌများနှင့်​ မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊ ပါတီရပ်​/​ကျေးဥက္ကဋ္ဌများ၊ ပါတီဝင်များ စုစု​ပေါင်းအင်​အား ၂၅၀ ဦး တက်​​ရောက်​ခဲ့​ကြသည်​။

အခမ်းအနားအား နိုင်​ငံ​တော်​သီချင်းသီဆို၍ နိုင်​ငံ​တော်​အလံအား အ​လေးပြုဖွင့်​လှစ်​ပြီး​နောက်​ ​ကျောက်​ဆည်​ခရိုင်​ပါတီဥက္ကဋ္ဌ ဦး​အောင်​မြင့်​သန်းက ခရိုင်​နယ်​​မြေအ​ခြေအ​နေများနှင့် ပါတီလုပ်ငန်း လုပ်ဆောင်ရွက်ထားရှိမှု အခြေအနေများအား တင်​ပြ​ဆွေး​နွေးခဲ့ပြီး​နောက်​ ပါတီအ​ထွေ​ထွေအတွင်း​ရေးမှူး ဦးသက်​နိုင်​ဝင်းက အမှာစကားပြောကြားခဲ့သည်​။

ဆက်​လက်​၍ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌဦးသန်း​ဌေးက လက်ရှိနိုင်ငံရေးအခြေအနေများနှင့်စပ်လျဉ်း၍ ပါတီဝင်များအား ရှင်းလင်းအမှာစကားပြောကြားခဲ့ပြီး ပါတီဝင်များအနေဖြင့် လက်ရှိနိုင်ငံရေးအခြေအနေများအား အမြဲမပြတ်လေ့လာပြီးမှ မိမိတို့တတ်စွမ်းသရွေ့ ပါဝင်လုပ်ဆောင်ကြရန်လည်း လမ်းညွှန်မှာကြားခဲ့သည်။

ထို့​နောက်​ အခမ်းအနားသို့တက်​​ရောက်​လာ​သော ပါတီဝင်​များက သိရှိလိုသည်​များကို တင်​ပြ​ဆွေး​နွေးခဲ့ရာ ပါတီတာဝန်​ရှိသူများက ပြန်​လည်​ရှင်းလင်း​ဆွေး​နွေးခဲ့ကာ လိုအပ်သည်များအား ထပ်မံဖြည့်ဆည်းမှာကြားခဲ့ကြသည်။