ကျိုက်မရောပြည်ခိုင်ဖြိုးပါတီမှ လေဘေးသင့်ပြည်သူများအား အလှူငွေပေးအပ်
ယနေ့ (19.6.2018) နေ့ နံနက် ၁၁ နာရီအချိန်တွင် ကျိုက်မရောမြို့နယ် ဖနုံကျေးရွာ ဗမာစုနေဦးအောင်မင်းဦးနေအိမ်နှင့် ဒေါ်စမ်းစမ်းအေးနေအိမ်တို့သည် (17.6.2018) နေ့လေ မိုးဒဏ်ကြောင့် သစ်ပင်များပြိုလဲ၍ နေအိမ်များပျက်စီးနေသည်ကို မွန်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီမှ ပြည်နယ်ကော်မတီဝင် ဦးအောင်ကျော်သိန်းနှင့် ကျိုက်မရောပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ကော်မတီဝင်များမှ သွားရောက်ကြည့်ရှု၍ အားပေးစကားပြောကြားပြီး ကျိုက်မရောပြည်ခိုင်ဖြိုးပါတီမှ အလှူငွေ ၁သိန်းကျပ် ပေးအပ်လှူဒါန်းခဲ့ပါသည်။
ကျိုက်မရောပြည်ခိုင်ဖြိုး