မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ မလှိုင်ကုန်းကျေးရွာအုပ်စု အင်ကျေးရွာ အမကသို့ ကျောင်းသုံးဗလာစာအုပ်များ သွားရောက်လှူဒါန်း

 

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဇော်လွင်သည် ဇွန် ၁၃ ရက်နေ့က ခရိုင်ပါတီကော်မတီဝင် ဦးတိုးမြင့်အောင်၊ မြို့နယ်လူငယ်ရေးရာဥက္ကဌ ဦးစိုင်းမောင်မောင်ကျော်တို့နှင့်အတူ မလှိုင်ကုန်းကျေးရွာအုပ်စု အင်ကျေးရွာ အမကသို့ သွားရောက်ပြီး ကျောင်းသား/သူ (၂၈) ဦးအား ကျောင်းသုံးဗလာစာအုပ် တစ်ဦးလျှင် (၄) အုပ်နှုန်းဖြင့် သွားရောက်လှူဒါန်းခဲ့ကြသည်။ (၁၁) နာရီအချိန်တွင် ကျေးရွာဓမ္မာရုံတွင် တောင်သူများနှင့်တွေ့ဆုံပြီး အင်မလယ်ချောင်းမှာ မြေသားတမံတည်ဆောက်ပေးရေးအတွက် ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ် (၁၂) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံအောင်မှ အမျိုးသားလွှတ်တော်တွင် ကြယ်ပွင့်မပြမေးခွန်းမေးမြန်းမှုအား သက်ဆိုင်ရာမှ ဦးစားပေးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သက်ဆိုင်ရာဝန်ကြီးဌာန၏ဖြေကြားချက်များကို မြို့နယ်ပါတီဥက္ကဌက ရှင်းလင်းဆွေးနွေးခဲ့ပြီး တောင်သူများ၏လိုအပ်ချက်ဆွေးနွေးချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးရန် ဆွေးနွေးခဲ့
ပါသည်။

credit >>> zaw lwin