မြောက်ကိုးရီးယားနိုင်ငံမှ မလေးရှားသံရုံး ပြန်ဖွင့်မည်

(ပုံ – သံရုံးပိတ်စဉ်က မြောက်ကိုရီးယားမှ ပြန်လာသည့် မလေးရှားများ)

 

ပြီးခဲ့တဲ့ တနှစ်ကျော်ကာလက မလေးရှားနဲ့ မြောက်ကိုးရီးယားနိုင်ငံ ဆက်ဆံရေးဆိုးဝါးပြီး ပိတ်ထားခဲ့တဲ့ မလေးရှားသံရုံးကို ပြန်လည်ဖွင့်လှစ်သွားမယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာက ပြောကြားလိုက်ပါတယ်။

မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအွန်းရဲ့အဖေတူ မအေကွဲ အကိုကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ နိုင်ငံတကာလေဆိပ်မှာ မြောက်ကိုရီယား သူလျှိုတွေက လုပ်ကြံသတ်ဖြတ်ပြီး နောက်ပိုင်းမှာ ၂ နိုင်ငံဆက်ဆံရေး ပျက်ပြားပြီး မလေးရှားသံရုံးကို ပိတ်ခဲ့တာပါ။

ဒီအရင်က မလေးရှားဟာ မြောက်ကိုးရီးယားနဲ့ ရှားရှားပါးပါး နီးစပ်ခင်မင်တဲ့ နိုင်ငံတနိုင်ငံဖြစ်ခဲ့ပါတယ်။

မနေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့ ထိပ်သီးဆွေးနွေးပွဲ ကျင်းပနေချိန်မှာ ဝန်ကြီးချုပ် မဟာသီယာက ပြောလိုက်တာပါ။ မြောက်ကိုရီးယား ပြောတာတွေကို ယုံကြည်မှုထားပြီး ဆက်ဆံရေး ကောင်းမွန်အောင် ကြိုးစားကြည့်ကြရမယ်လို့ မဟာသီယာက ဆိုပါတယ်။

-Ref; RFA