ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခွင့် လျှောက်ထားနိုင်ကြောင်း အသိပေး

 

ပြည်တွင်း၊ ပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်လေ့ လာသူများအနေဖြင့် လာမည့် ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာလိုပါက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ လျှောက် ထားနိုင်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာခွင့်ကို ဇွန်လ ၆ ရက်မှ အောက်တိုဘာ ၁၈ ရက်အထိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တွင် လျှောက်ထားနိုင်ကြောင်း ဖော်ပြသည်။ ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲတွင် ပြည်တွင်းရွေး ကောက်ပွဲ စောင့်ကြည့်လေ့လာ သူ ၂,၀၀၀ ကျော်နှင့် နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့ လာသူ ၃၀၀ ကျော်ရှိသည်။

လစ်လပ်မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၃ ရက်၌ ကျင်းပမည်ဖြစ်သည်။ ကြားဖြတ်ရွေးကောက်ပွဲ တွင် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာရှိရာ ပြည်သူ့ လွှတ်တော် မဲဆန္ဒ နယ်လေးနေရာ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တစ်နေရာ၊ တိုင်းဒေသကြီးနှင့်  ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ရှစ်နေရာ ဖြစ်သည်။