ပြည်ခိုင်ဖြိုးပါတီသို့ ဝင်ရောက်ရခြင်းနှင့် ပတ်သက်ပြီး ရုံးစည်ကြီးကျေးရွာမှ ဦး​သောင်း​ငွေ ၏ ရင်ဖွင့်စကားသံ

 

ကျွန်​​တော်​တို့ ရုံးစည်ကြီးဒေသ ပါတီဝင် အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲ အခမ်းအနားသို့ ကိုယ်တိုင်တက်ရောက် ချီးမြှင့်ပေးပါသော အဘ ဦးဝဏ္ဏမောင်လွင် ၊ အဘ ဦးဝင်းမောင် တို့ အမှူးပြုတဲ့ ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်ဧည့်သည်တော်ကြီးများခင်​ဗျာကျွန်​​တော်​ကတော့ပြည်ထောင်စုကြံ့ခိုင်ရေး
နှင့်ဖွံ့ဖြိုးရေးပါတီသို့ ဝင်ရောက်ရတဲ့ အကြောင်းကို တင်ပြသွားမယ့် ရုံးစည်ကြီးကျေးရွာမှ ဦး​သောင်း​ငွေဖြစ်ပါတယ်။

ဧည့်သည်တော်ကြီးများခင်​ဗျာ ကျွန်​​တော်​တို့ ရုံးစည်ကြီးကျေးရွာလေးဟာ မြင်းခြံ-ရန်ကုန်လမ်း ပေါ်မှာတည်ရှိပြီး အဝေးပြေးကားတွေ ကုန်ကားတွေ ရပ်နားရာစခန်းတခုဖြစ်သလို စိုက်ပျိုးရေးလုပ်ငန်းအရောင်းအဝယ်
လုပ်ငန်းများအတိုက်အလျောက်ကောင်းမွန်ပြီး ကားလမ်းရော၊ ရထားလမ်းပါ ပြည့်စုံတဲ့ တောရွာလေးတရွာဖြစ်
ပါတယ်။

သိပ်မကြာခင်နှစ်တွေဆီကတော့ အဘဦးအောင်သောင်းဆိုတဲ့ မျိုးချစ်ဒေသပုဂ္ဂိုလ်ကြီးဟာ ကျ​နော်​တို့ ရုံးစည်
ကြီးကို ရေထွက်မတက်လာရောက်လေ့ရှိပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ပေးခဲ့လို အ.ထ. ကကျောင်း ၊ စာစစ်ဌာန ၊ ရပ်ဝေးကျောင်းသားနေဖို့ ဘော်ဒါဆောင် ၊ နေ့ကလေးထိမ်းဌာန၊တိုက်နယ်ဆေးရုံတွေ ပါ ရရှိခဲ့ရုံမက အဘ လာတဲ့ ဖွင့်ပွဲတိုင်းကြက်ပျံမကျ စည်ကားခဲ့ဘူးပါတယ်။

ဒါပေမဲ့ ၂၀၁၅ ခုနှစ် ရောက်တဲ့အခါမှာတော့ ကျ​နော်​တို့ ပြည်သူတွေဟာ “ပြောင်းလဲချိန်တန်ပြီ”
ဆိုတဲ့ နိုင်ငံရေးမုန်းတိုင်းထဲ မျောပါခဲ့ရပါတယ်။သတိလက်လွတ်ဖြစ်ခဲ့တဲ့ ကျ​နော်​တို့ ပြည်သူများစုဟာ “လူ့ အခွင့်အရေးတို့” ပွင့်လင်းမြင်သားမှုတို့ စတဲ့ အနောက်တိုင်းကလာတဲ့ ဒီမိုကရေစီစံနှုန်းအတုအယောင်
နားထဲမှာ နားဝင်ချိခဲ့မိပါတယ်။

နိုဗယ်ဆုရှင်ကြီး ကို မဲပေးလိုက်ရင်ဘဲ ဗမာတပြည်လုံးကို
အမေရိကန် နဲ့ အင်္ဂလိပ် က ထမင်းအလကားကျွေးထားတော့မလိုလို အားကိုးတကြီးနဲ့ အနောက်ကိုမျှော်ခဲ့မိတာ အမှန်ပါဘဲခင်​ဗျာ။
လေးစားရပါသောဧည့်သည်တော်ကြီးများ ခင်ဗျာ၊ ကျ​နော်​တို့ မျှော်လင့်ချက်၊ ကျ​နော်​တို့ အိမ်မက်တွေဟာ ဂျပန်ပေးခဲ့တဲ့ ရွှေရည်စိမ်လွတ်လပ်ရေးလိုဘဲ တစ်နှစ်တောင် မခံပါဘူးခင်ဗျာ။

ရွေးကောက်ပွဲပြီးလို့ ၂၀၁၆ ခုနှစ် ကျော်လို့ ၂၀၁၇ ခုနှစ်လည်းရောက်ရော၊ ရွှေတကျပ်သား ၇ဝဝဝဝဝိ/- ကျော်ကနေ ၉၀၀၀၀ဝိ/- ကျော်ဖြစ်ခဲ့ ပါတယ် တစ်ဒေါ်လာ ၉ဝဝိ/-ကျော်ကနေ
၁၃၅ဝိ/- ဖြစ်ပြီး ကျ​နော်​တို့ ပြည်သူတွေဆင်းရဲတွင်းနက်ခဲ့ကြရပါတယ်။

တရားဥပဒေစိုးမိုးမှုမရှိလို
နေရာတိုင်းမှာ ခိုးဆိုးလုယက်မှုတွေ ဖြစ်နေတဲ့အပြင် အနောက်ဘက် ရခိုင်ဒေသမှာ အချုပ်အခြာကို ထိပါး
ခံရတဲ့ ခိုးဝင်ဘင်္ဂလီကိစ္စ၊ကချင်ပြည်နယ်မှာဖြစ်နေတဲ့ စစ်ပွဲတွေ၊အားလုံး အားလုံး ကောင်းတာ
တစ်ခုမရှိ အနိဋ္ဌာရုံကြီးပဲဖြစ်နေကြားနေရပါတယ်။

ဒါတွေဟာလက်ရှိအစိုးရ စီမံခန့်ခွဲမှုညံ့ဖျင်းလို့ ဖြစ်တယ်။ အတွေ့အကြုံမရှိ အပြောနဲ့ အလုပ်မညီတာကို ကျ​နော်​တို့ သည်းမခံနိုင်တော့တဲ့အဆုံးဒို့တာဝန်အရေးသုံးပါးကို ထာဝစဉ် ဦးထိပ်ထားတဲ့ အဖွဲ့
ဘာသာကိုအသက်ပေးကာကွယ်စောင့်ရှောက်နေတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သို့ ဝင်ရောက်
ကြတာပဲ ဖြစ်ပါတယ်။

ကျ​နော်​တို့ အခုလို အခမ်းအနားကြီး တခဲနက် ဝင်ရောက်နိုင်အောင် စီစဉ်ဆောင်ရွက်
ပေးကြတဲ့ တောင်သာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိပုဂ္ဂိုလ်များကို ကျေးဇူး တင်ပါကြောင်းပြောကြားရင်း နိဂုံးချုပ်ပါတယ်။