ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဝန်ကြီး ဒုဝန်ကြီး(ငြိမ်း)များ၊ ပြည်ထောင်စုနယ်မြေနှင့် မကွေးတိုင်းဒေသကြီး ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ၊နှင့်တွေ့ဆုံ

 

နေပြည်တော်၊ ဇန်နဝါရီ ၁၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် အငြိမ်းစား ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ ပြည်ထောင်စုနယ်မြေ၊ မကွေးတိုင်းဒေသကြီး ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်ဟောင်းများနှင့် ပါတီတာဝန်ရှိသူများတွေ့ဆုံပွဲကို ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၉နာရီခွဲအချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ခန်းမဆောင်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။