ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီ ပညာသင်ထောက်ပံ့ကြေးပေးအပ်

 

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင်များ၏သားသမီးများထဲမှပညာရည်ထူးချွန်သူများကို လေးလတစ်ကြိမ်ပညာသင်ထောက်ပံ့စားရိတ်များ ပေးအပ်လျှက်ရှိရာ ဇွန်လ (၆) ရက်နေ့ နေ့လည် (၁၂:၃၀) နာရီက ပညာသင်စားရိတ်ထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးအစည်းအဝေးခမ်းမတွင် ကျင်းပကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ တိုင်းပါတီကော်မတီမှ ဗဟိုကော်မတီဝင် ဦးတင်အောင်၊ တိုင်းပါတီကော်မတီဝင် ဦးကျော်စိုး၊ ခရိုင်ပါတီဥက္ကဌ ဦးစိန်မြင့်နှင့်ပညာသင်စားရိတ်ရရှိသည့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ ဗဟိုကော်မတီဝင် ဦးတင်အောင်မှ ပညာသင်စားရိတ်ပေးအပ်ရခြင်းနှင့်ပါတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများမှ ကျောင်းသား (၁၇) ဦးတို့အား ပညာသင်စားရိတ် လေးလအတွက် ကျပ် (၂၈၄၀၀၀၀) ကျပ်ကို ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

ထိန်ဝင်း(YGN)