မလေးရှားလေယာဉ် ရုရှားတွေ ပစ်ချခဲ့ဟု နယ်သာလန် ကြေညာ

ပြီးခဲ့တဲ့ ၂ဝ၁၄ ခုနှစ်က ယူကရိန်းနိုင်ငံအပေါ် ဖြတ်ကျော်ပျံသန်းနေစဉ် ပျက်ကျသွားခဲ့တဲ့ မလေးရှားလေကြောင်း လိုင်းက ခရီးစဉ်အမှတ် MH17 လေယာဉ်ပျံကို ရုရှားတပ်ဖွဲ့တစ်ခုက ဒုံးပျံနဲ့ ပစ်ချခဲ့တာဖြစ်တယ်လို့ နယ်သာလန် အစိုးရ ရှေ့နေတွေက ကြာသပတေးနေ့ မနေ့က ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။ အဲဒီလေယဉ်ပျံပေါ်မှာပါသူ ၂၉၆ ဦးလုံး အသက်ဆုံးခဲ့ပြီး အများစုက နယ်သာလန်နိုင်ငံသားတွေပါ။

နယ်သာလန်အစိုးရရှေ့နေတွေက လေယာဉ်ကို အဲဒီ Buk ဘာ့ခ် အမျိုးအစား ဒုံးပျံနဲ့ ရုရှားအမှတ် ၅၃ တပ်မက ပစ်ချခဲ့တာဖြစ်ကြောင်း ဒါပေမဲ့ ပစ်ခတ်တဲ့တပ်ဖွဲ့ကို ဘယ်သူက ဦးဆောင်ခဲ့တယ် ဆိုတာတော့ မသိရသေးကြာင်း ပြောပါတယ်။

ရုရှားအစိုးရကတော့ အဲဒီ ဘာ့ခ်ဒုံးပျံတွေကို ယူကရိနုးနိုင်ငံပိုင်နက်အတွင်း သယ်ဆောင်ချထားခြင်း တစ်ခါမှ မရှိခဲ့ဘူးလို့ တုန့်ပြန်ပြောကြားပါတယ်။

-Ref;RFA