ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေး ကွမ်းခြံကုန်းမြို့ နယ် ပါတီဝင် အဆိုပြုလွှာပေးအပ်ပွဲသို့ တက်ရောက်ချီးမြှင့်

ကွမ်းခြံကုန်း၊ မေ ၂၁

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးသည် ယနေ့နံနက်ပိုင်းတွင် ကွမ်းခြံကုန်းမြို့ နယ် သရက်သုံးပင်ကျေးရွာ၌ ဗဟိုအတွင်းရေးမှူး ဒေါ်စန်းစန်းနွယ်နှင့် ဗဟိုကော်မတီဝင်များ တိုင်းပါတီဥက္ကဌ ဦးခင်မောင်စိုးနှင့် တိုင်းကော်မတီဝင်များ ခရိုင်ဥက္ကဌနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ကော်မတီဝင်များ၊ အရန် ကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူးများ၊ပါတီဝင်များ၊ မြို့မိမြို့ဖများနှင့် ပြည်ခိုင်ဖြိုးပါတီသို့ဝင်ရောက်လာသူများ စုစုပေါင်း အင်အား (၁၀၀၀) ကျော်ခန့် အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားအား နိုင်ငံတော်သီချင်း သံပြိုင်သီဆို၍ ဖွင့်လှစ်ခဲ့ကြသည် အစီအစဉ်အရ ပါတီဝင်အဆိုပြုလွှာ ပေးအပ်ခြင်း အခမ်းအနား ပြုလုပ်ကာ ကွမ်းခြံကုန်မြို့နယ်မှ ပါတီဝင် ၃၅၀ ဦး တွံတေးမြို့နယ်မှ ပါတီဝင် ၁၂၀ ဦး ကော့မှူးမြို့နယ်မှ ပါတီဝင် ၁၀၀ ဦး ဒလမြို့နယ်မှ ပါတီဝင် ၁၁၀ ဦး ဆိပ်ကြီးခနောင်တိုမြို့နယ်မှ ပါတီဝင် ၇၄ ဦး စုစုပေါင်း ၇၅၄ ဦး ပါတီဝင်အဆိုပြုလွှာများနှင့် ၇၅၄ ဦးအတွက် ပါတီဝင်ကြေး ၇၅၄၀၀၀ိ/ ကျပ်အား အသီးသီးပေးအပ်ခဲ့ကြပြီး ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ရန်ကုန်တိုင်းတာဝန်ခံ ဦးခင်ရီမှ ၄င်းအဆိုပြုလွှာများနှင့် ပါတီသးဝင်ကြေးများအား လက်ခံသည်။
ထို့နောက် ပါတီသို့ဝင်ရောက်ခဲ့ကြသော ပါတီဝင် ၃ ဦးမှ ပြည်ခိုင်ဖြိုးပါတီသို့ ဝင်ရောက်ရခြင်း ရည်ရွယ်ချက်များအား အသီးသီး ရှင်းလင်း ပြောကြားခဲ့ကြသည်။
ဆက်လက်၍ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေးမှ နှုတ်ခွန်းဆက် အဖွင့်အမှာစကားနှင့် နိဂုံးချုပ်အမှာစကားများ ပြောကြားခဲ့ပြီးသည်
၎င်းနောက် ပါတီဥက္ကဌကြီးနှင့် ဗဟိုကော်မတီဝင်များမှ ပါတီဝင် အသစ်များအား ရင်ထိုးတံဆိပ်များ တပ်ဆင်ပေးကြပြီး နေ့လည် ၁၁ နာရီအချိန်၌ အခမ်းအနားအား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။