ရေတာရှည်ပြည်ခိုင်ဖြိုးပါတီမှ လပတ်အစည်းအဝေးပြုလုပ်

 

(8-5-2018) ရက်နေ့ နံနက်တွင် ရေတာရှည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး ကျင်းပပြုလုပ်ရာ တိုင်းကော်မတီ ဒေါ်သိမ့်သိမ့်အောင်က ပါတီစည်းရုံးရေးလုပ်ငန်းများ ဆွေးနွေးညှိနှိုင်း ခဲ့ပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းမြင့်ထွန်းက တိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြားချက်များ ရှင်းလင်းခြင်း နှင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများရှိ စည်းရုံးရေးမှူးများအား ဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲ ပြုလုပ်ရေး တို့အတွက် အတွင်းရေးမှူး ဦးစိုးသီဟ ၊ ဘဏ္ဍာရေးမှူး ဦးမြင့်ဌေးနှင့် ကော်မတီဝင်များက ဆွေးနွေးညှိနှိုင်းခြင်းများ ပြုလုပ်ခဲ့ကြပြီး ဘဏ္ဍာရေးမှူး ဦးမြင့်ဌေး+ဒေါ်ခင်လေးဖြူ မိသားစုတို့က ရွှေကသစ် ရေခဲမုန့်ဖြင့် ဧည့်ခံကျွေးမွေး ခဲ့ပါသည်။

Usdp Yedashe