အဂ်ပူမြို့နယ် အင်ပင်လှကျေးရွာအနီး နတ်တောင်၌ တည်ထားသော ဘုရားလေးဆူပွင့်တော်မူစေတီတော်ထီးတော်တင် အခမ်းအနား

 

ဧရာဝတီတိုင်းဒေသကြီး အဂ်ပူမြို့နယ် အင်ပင်လှကျေးရွာအနီး နတ်တောင်၌ တည်ထားသော ဘုရားလေးဆူပွင့်တော်မူစေတီတော်ထီးတော်တင် အခမ်းအနားသို့ အလှူ ရှင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ သီရိပျံချီ ဦးဌေးဦးမှ ထီးတော်တင်လှူ ပေးပြီး ကြွရောက်လာသော ဆရာတော် ရဟန်းသံဃာတော်များအား လှူ ဘွယ်ပစ္စည်းများ လှူ ဒန်းခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဟင်္သာတခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးညွန့်လှိုင်နှင့် ကော်မတီဝင်များ၊ ဟင်္သာတမြို့နယ်ဥက္ကဌနှင့် ကော်မတီးဝင်များ၊ အဂ်ပူမြို့ နယ်ဥက္ကဌ ဦးနေလင်း
အောင်နှင့် ကော်မတီဝင်များ၊ ရပ်ကျေးဥက္ကဌနှင့် ပါတီဝင်များ၊ အင်ပင်လှကျေးရွာအပါအဝင် ပတ်ဝန်းကျင်ကျေးရွာများမှ ရပ်မိရပ်ဖများ၊ ပါတီးဝင်များ၊ ပြည်သူများ တက်ရောက်ကြပါသည်။
အခမ်းအနားအပြီး သီရိပျံချီ ဦးဌေးဦးမှ ငွေမိုးရွာသွန်းဖြိုးပေးခြင်း၊ ပရိသတ်များအား ထမင်းထုပ်၊ ရေသန့်ဘူး ပေးကမ်းလှူ ဒန်းခြင်း၊ ဆရာတော်သံဃာတော်များအား ဆွမ်းဆက်ကပ်လှူ ဒန်းခြင်း စသောကေါင်းမှု့ ကုသိုလ်များပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

Mahn Tin