ဧရာဝတီတိုင်းဒေသကြီး လူငယ်နှီးနှောဖလှယ်ပွဲ အခမ်းအနားကျင်းပ

 

ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်နှီးနှောဖလှယ်ပွဲအခမ်းအနားအား ယနေ့နံနက် ၉ နာရီအချိန်တွင် ပုသိမ်မြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါလူငယ်နှီးနှော်ဖလှယ်ပွဲသို့ ပါတီဝင်လူငယ် ၅၂၀ ဦ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ဗဟိုပါတီအလုပ်မှုဆောင် ဦးအောင်တင်မြင့် တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးညဏ်လင်းနှင့်တိုင်းဒေသကြီးပါတီကော်မတီဝင်များ ခရိုင်၊ မြို့နယ်အသီးသီးမှပါတီဥက္ကဋ္ဌများ ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားအား နိုင်ငံတော်သီချင်းဖြင့်သီဆိုဖွင့်လှစ်ခဲ့ပြီး သဘာပတိအဖွဲ့ဝင် ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းမှ နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသော လူငယ်များမှ လူငယ်ဆိုင်ရာစာတမ်းများတင်သွင်းခြင်း မျိုးဆက်သစ်လူငယ်များမှတင်သွင်းလာသော စာတမ်းများအား သဘာပတိအဖွဲ့ဝင်မှ မှတ်တမ်းတင်ကြောင်းကြေညာ၍ လူငယ်နှီးနှောဖလှယ်ပွဲ ပထမပိုင်းအခမ်းအနားအားရုပ်သိမ်းခဲ့သည်။
ထို့နောက် ဒုတိယပိုင်းအခမ်းအနားအား နံနက် ၁၀:၃၀ အချိန်တွင်ပြန်လည်စတင်ခဲ့ပြီး ဗဟိုလူငယ်ညီလာခံသို့ တက်ရောက်မည့်လူငယ်များအား မဲပေးရွေးချယ်ခြင်း၊လူငယ်နှီးနှောဖလှယ်တွင် ဆွေးနွေး၍ ရရှိလာသော ရလဒ်များအား အခြေပြု၍ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များချမှတ်ခြင်းနှင့် ပြည်ထောင်ကြံ့ခိုင်ရေးနှင့်ဖွ့ဖြိုးရေးပါတီ ဧရာဝတီတိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးညဏ်လင်းမှ တိုင်းဒေသကြီး လူငယ်ရေးရာတာဝန်ခံ ဦးသက်လင်းအား လူငယ်အလံ ပေးအပ်ခဲ့သည်။
ဆက်လက်၍ သဘာပတိအဖွဲ့ဝင်မှ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားအား ပြည်ခိုင်ဖြိုးလူငယ်သီချင်း သီဆို၍ ရုပ်သိမ်းခဲ့သည်။

ဓာက်ပုံ-ဧရာဝတီပြည်ခိုင်ဖြိုး