ရှားပါး ဒိုင်နိုဆော အရိုးစုနှစ်ခု ပြင်သစ်မှာ လေလံတင်ရောင်းချ

ဧပြီ ၁၂

ရှားပါးပစ္စည်းတွေထဲမှာ ပါဝင်တဲ့ ဒိုင်နိုဆော အရိုးစု နှစ်ခုကို ပြင်သစ်နိုင်ငံ ပါရီမြို့က လေလံပွဲတစ်ခုမှာ တစ်ခုကို ယူရို ၁ ဒသမ ၄ သန်းကျော်စီနဲ့ လေလံတင်   ရောင်းချလိုက်နိုင်တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

အဆိုပါလေလံပွဲကိုတော့ ယမန်နေ့ ဧပြီ ၁၁ ရက်နေ့လည်က ပါရီမြို့ လေလံကုမ္ပဏီ Druout မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ယင်းလေလံပွဲမှာတော့ အရှည် ၁၂ မီတာရှိ ဒစ်ပလိုဒိုကတ်စ် (diplodocus)  နဲ့ အရှည် ၃ ဒသမ ၈ မီတာရှိ အယ်လိုဆောရပ်စ် (allosaurus) ဒိုင်နိုဆော အရိုးစုနှစ်စုတို့ကို ယခုလို လေလံတင်ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်းတွေကိုတော့ နေအိမ်နဲ့ ရုံးခန်းတွေမှာ အလှပြ ကြွားဝါတဲ့အနေနဲ့ ဆင်ယင်ထားရှိဖို့အတွက် ခုလိုမျိုး ဈေးကွက်တင်ရောင်းချကြတာဖြစ်ပါတယ်။

ယခု ဒိုင်နိုဆော အရိုးစုတွေကိုတော့ အဆိုပါ ပါရီလေလံပွဲမှာ အမည်မဖော်လိုသူ နိုင်ငံခြားသား ၀ယ်သူတစ်ဦးက ၀ယ်ယူသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

-Ref; AFP