ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ ဘိလပ်မြေပေးအပ်လှူဒါန်းခြင်း

 

မယ်စဲ့မြို့နယ် – မတ်လ ၂၉

၂၉-၃-၂၀၁၈ ရက်နေ့ နေ့လည်၂း၃၀ နာရီအချိန် တွင် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မယ်စဲ့မြို့နယ် ကျောက်စုကျေးရွာရှိ အာစီဘုရားရှိခိုးကျောင်းဆောက်လုပ်ရန်အတွက် ဘိလပ်မြေ (၉၀)အိတ် သွားရောက်လှူဒါန်းပါသည်။
ယင်းသို့သွားရောက်လှူဒါန်းရာတွင် ကယားပြည် နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်း အလှူရှင် ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ချီဗွေမြို့နယ်ကော်မတီဝင် ဦးအောင်လွင်ဦး ပြည်နယ်ယာယီအတွင်းရေးမှူး ဦးကျော်မြင့်(မယ်စဲ့ မြို့နယ်တာဝန်ခံ) ပြည်နယ်ကော်မတီဝင်များဖြစ်ကြ သော ဦးတင်ဦး ဦးရဲဝင်း ဒေါ်မော်မော်ခိုင် ဒေါ်ဗျားမြာမောင်နှင့် ဒေါ်နန်းယဉ်သီတာထွေး ဘောလခဲခရိုင်ကော်မတီဝင် ဦးနှင်းဝေ မယ်စဲ့မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးလောရင်းနှင့် မြို့နယ်ကော် မတီဝင်များ တက်ရောက် ကြောင်းနှင့် ဘိလပ်မြေ အိတ်လှူဒါန်း ပြီးသည်နှင့် ကျောက်စုကျေး ရွာရှိ ပါတီဝင်များနှင့် တွေ့ဆုံကြောင်း သိရှိရသည်။

လမင်း ချစ်သူ