သုံးခွပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းဖွင့်

 

သုံးခွ မတ် ၂၉

ရန်ကုန်တိုင်းဒေသကြီး သုံးခွ မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်း အဝေးခန်းမ၌ နိုင်ငံရေးစီမံခန့်ခွဲမှု ဆင့်ပွားသင်တန်းအမှတ်စဉ်(၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉နာရီကကျင်းပရာ ရန်ကုန်တောင် ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလွင်ဦး တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

အခမ်းအနားသို့ မြို့နယ်ကော် မတီဝင်များနှင့် ခရိုင်ကော်မတီဝင် များဖြစ်ကြသော ဦးရန်နိုင်ရွှေနှင့် ဦးရွှေဘော်တို့ တက်ရောက်ပြီး သင်တန်းသားများအား ဘာသာရပ် ဆိုင်ရာသင်ခန်းစာများပို့ချခဲ့သည်။ ဆင့်ပွားသင်တန်းသို့ သုံးခွမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်၊ ကျေး ရွာများမှ သင်တန်းသားသင်တန်း သူ ၅၁ ဦး တက်ရောက်ကြောင်း သင်တန်းကာလမှာ သုံးရက်ကြာ မည်ဖြစ်ပြီး နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း သိရသည်။

ဥမ္မာဝင်း(သုံးခွ)