မြန်မာအသင်းနှင့် ကာဂျစ္စတန်အသင်းတို့ အာရှဖလား ခြေစစ်ပွဲစဉ်ကို MRTV မှ တိုက်ရိုက် ပြသမည်

၂၀၁၉ အာရှဖလား ခြေစစ်ပွဲ အဆုံးအဖြတ်ပွဲစဉ်အဖြစ်​ မြန်​မာ့လက်​​ရွေးစင်​အသင်းနှင့်​ ကာဂျစ္စတန်​လက်​​ရွေးစင်​အသင်းတို့ ​တောင်​ကိုးရီယားနိုင်​ငံ အင်​ချွန်းမြို့၌ ယှဉ်​ပြိုင်​ကစားသွားမည့်​ပွဲစဉ်​ကို မြန်​မာရုပ်​သံလိုင်းများမှ တိုက်​ရိုက်​ ပြသသွားမည်​ဖြစ်​​ကြောင်း သိရသည်​။

အဆိုပါပွဲစဉ်​ကို မတ်လ ၂၂ ရက်၊ မြန်မာစံတော်ချိန် မွန်းလွဲ ၁၂နာရီခွဲ အချိန်​၌ အင်ချွန်စီးတီးကွင်းတွင် ယှဉ်​ပြိုင်​ကစားကြမည်​ဖြစ်​ပြီး MRTV နှင့် For Sport ရုပ်သံများမှ တိုက်​ရိုက်​ ပြသပေးသွားမည်ဖြစ်သည်။ မြန်မာအသင်းသည် ကာဂျစ္စတန်နှင့်ပွဲစဉ်​ကစားပြီးပါက မက်​လ၂၇ရက်​တွင်​ ရန်ကုန်မြို့၌ မကာအိုအသင်းနှင့် အုပ်စုနောက်ဆုံးပွဲစဉ် ဆက်​လက်​ ယှဉ်ပြိုင်ကစားမည်သွားရမည်​ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည်​ ကာဂျစ္စတန်​နှင့်​ပွဲစဉ်​အတွက်​ မတ်လ ၁၅ ရက်တွင် အင်ချွန်မြို့သို့ ထွက်ခွာမည်ဖြစ်သည်။ ထိုင်းလိဂ်မှ ကျော်ကိုကိုနှင့် အောင်သူတို့မှာ မတ်လ ၁၉ ရက်တွင်​ အသင်းထံ
တိုက်​ရိုက်​ လာရောက်ပူးပေါင်းမည်​ ဖြစ်​သည်​။