ညောင်​ဦးခရိုင်​ ပြည်​ခိုင်​ဖြိုးပါတီ နိုင်​ငံ​ရေးစီမံခန့်​ခွဲမှု (ဆင့်​ပွား) သင်​တန်းဖွင့်​ပွဲ အခမ်းအနား ကျင်းပ

 

(၂၄.၂.၂၀၁၈) ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် ညောင်ဦးခရိုင် ပြည်ခိုင်ဖြိုးပါတီမှဖွင့်လှစ်သော နိုင်ငံရေး စီမံခန့်ခွဲမ (ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနားအား ညောင်ဦးပြည်ခိုင်ဖြိုးရုံး၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးသန်းဌေး၊ ညောင်ဦးခရိုင်ပါတီဥက္ကဌ ဦးညွန့်ဝင်းနှင့် ခရိုင်ကော်မတီဝင်များ၊ သင်တန်းနည်းပြ များ၊ ညောင်ဦးခရိုင်အတွင်းရှိ မြို့နယ် (၂) မြို့နယ်မှ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားအား နိုင်ငံတော်သီချင်းသံပြိုင်သီဆိုကာ ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးသန်းဌေးမှ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ကာ ညောင်ဦးခရိုင်ပါတီဥက္ကဌ ဦးညွန့်ဝင်းမှ သင်တန်းစည်းကမ်းများ ဖတ်ကြားရှင်းလင်ခဲ့ကြောင်း သိရှိရပါသည်။

#ပြည်​ခိုင်​ဖြိုး
#မန္တ​လေးတိုင်း​ဒေသကြီး