ပဲခူးခရိုင် ပြည်ခိုင်ဖြိုးပါတီ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပဲခူးတိုင်းဒေသကြီး မှကြီးမှူးကျင်းပသော ပဲခူးခရိုင် ပြည်ခိုင်ဖြိုးပါတီ ထမနဲထိုးပြိုင်ပွဲအား ယနေ့နံနက် ၁၁ နာရီအချိန်တွင် ကျင်းပပြုလုပ်ပြီး ခရိုင်အတွင်းရှိမြို့နယ်များဖြစ်သည့် ပဲခူးမြို့နယ် ၊ ညောင်လေးပင်မြို့နယ် ၊ ဝေါမြို့နယ် ၊ ကျောက်တံခါးမြို့နယ် ၊ သနပ်ပင်မြို့နယ် ၊ က၀မြို့နယ် ၊ ဒိုက်ဦးမြို့နယ် ၊ ရွှေကျင်မြို့နယ် တို့မှ ပါတီဝင်များဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါသည်။

အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်ဦးလှသိန်း ၊ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာအောင်မြတ်ဦး ၊ ဗဟိုအလုပ်အမှုဆောင်ဒေါက်တာပွင့်ဆန်း ၊ ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးစောမော်ထွန်း ၊ တိုင်းပါတီကော်မတီဝင်များ ၊ ခရိုင်ပါတီကော်မတီဝင်များ ၊ မြို့နယ်များမှပါတီကော်မတီဝင်များ ၊ ထမနဲထိုးပြိုင်ပွဲဝင်သည့် ပါတီဝင်များ စုစုပေါင်အင်အား ၂၅၀ ဦးခန့်တက်ရောက်ခဲ့ကြပါသည်။