အနောက်ပိုင်းခရိုင်ပြည်ခိုင်ဖြိုးပါတီ ဆူးလေစေတီတွင် ဆွမ်းဆန်စိမ်းလောင်းလှူ

ရန်ကုန်တိုင်းဒေသကြီးရန်ကုန် အနောက်ပိုင်းခရိုင်ပြည်ခိုင်ဖြိုးပါတီ (၁၃)မြို့နယ်ပါတီဝင်များသည်ယနေ့ မွန်းလွဲ ၃ နာရီခွဲက ဆူးလေစေတီ တော်ကြီး၏ (၁ဝ၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲအထိမ်း     အမှတ် ဆွမ်း ဆန်စိမ်းလောင်းလှူပွဲတွင် ပါဝင် လောင်းလှူခဲ့ကြသည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်း လှူပွဲသို့ ပါတီဗဟိုကော်မတီဝင် ဦးတင်ဝင်းနှင့် ဒေါ်သင်းသင်းမိုး၊ ခရိုင်ပါတီဥက္ကဋ္ဌဦးနေဝင်း၊အတွင်း ရေးမှူးဦးမြင့်ဆောင်နှင့် ခရိုင်ကော် မတီဝင်များ၊ မြို့နယ်ပါတီ ဥက္ကဋ္ဌ များ၊ မြို့နယ်ကော်မတီဝင်များက မိမိတို့မြို့နယ်အလိုက် အလှူငွေနှင့် ဆွမ်းဆန်တော်များ လှူဖွယ်ဝတ္ထု များ စုစုပေါင်းကျပ် ၇၅၉၇ဝဝဝ တန်ဖိုးရှိသည့် လှူဖွယ်ဝတ္ထုပစ္စည်း များကို လောင်းလှူ    ခဲ့ကြကြောင်း သိရသည်။

ထိန်းဝင်း(YGN)