ကျောက်ဖြူအထူးစီးပွားရေးဇုန် ရှယ်ယာပိုင်ဆိုင်မှု မြန်မာ-တရုတ် သဘောတူညီချက်ရရှိ

ကျောက်ဖြူအထူးစီးပွား ရေးဇုန်အကောင်အထည်ဖော်ရန် ရှယ်ယာပိုင်ဆိုင်မှုကို မြန်မာဘက်က ၃၀ရာခိုင်နှုန်း နှင့် တရုတ်အစိုးရပိုင်ကုမ္ပဏီက ၇၀ ရာခိုင်နှုန်းဖြင့် ဇန်န၀ါရီလဆန်းတွင် သဘောတူညီခဲ့ကြောင်း ရခိုင် ပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေး ၀န်ကြီးဦးကျော်အေးသိန်းကပြောသည်။

၂၀၁၅ တွင် တရုတ်ကုမ္ပဏီ က တင်ဒါအောင်မြင်သော်လည်း အစိုးရအကူးအပြောင်းကြောင့် မြန်မာအစိုးရနှင့် တရုတ်ကုမ္ပဏီ ကြား ရှယ်ယာပိုင်ဆိုင်မှုကို အချိန် ကြာညှိနှိုင်းခဲ့ပြီး ယခုလိုသဘော တူညီချက်ရရှိခြင်းဖြစ်၍ လုပ်ငန်း များစတင်နိုင်ရန် သဘာဝပတ် ၀န်းကျင်ထိခိုက်မှုနှင့် လူမှုဘ၀ထိ ခိုက်မှုများကို လေ့လာတော့မည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောသည်။

အဆိုပါစီမံကိန်းကို ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ရေနက်ဆိပ်ကမ်း၊ ကျောက်ဖြူအထူး စီးပွားရေးဇုန်နှင့် အိမ်ရာစီမံကိန်းဟု အပိုင်းသုံးပိုင်းဖြင့်အကောင် အထည်ဖော်ရန် စီစဉ်ခဲ့ခြင်ြး ဖစ်သည်။  ‘‘၃၀-၇၀ အပိုင်းကို ဆုံး ဖြတ်တာပဲရှိတယ်။ ကျန်တာဆုံး ဖြတ်တာမရှိသေးဘူး။ သဘောတူညီချက်တော့ မထိုးရသေးဘူး။ ယာယီတော့ သဘောတူထား လိုက်ပြီ’’ ဟု ဦးကျော်အေး သိန်း က ပြောသည်။

စီမံကိန်းစတင်အကောင်အ ထည်ဖော်ရာတွင် ယခင်အစိုးရ လက်ထက်သဘောတူထားသည့် ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် အထူးစီးပွားရေးဇုန်ကိုသာ အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ၎င်းကပြောသည်။ အိမ်ရာ စီမံကိန်းကို နောက်ပိုင်း ဆက်လက်အကောင် အထည်ဖော်မည်ဟု ဦးကျော် အေးသိန်းကဆို သည်။

အထူးစီးပွားရေးဇုန်စီမံကိန်း ကို စတင်အကောင်အထည်ဖော် ရန် သဘာဝပ တ်ဝန်းကျင်နှင့် လူမှုဘ၀ထိခိုက်မှု ဆိုင်ရာ (EIA/SIA)စစ်တမ်းလေ့လာမှုများကို ရက်ပိုင်းအတွင်း စတင်မည်ဟုအ ထူးစီးပွားရေးဇုန်များ၏ တာဝန် ခံဝန်ကြီးဌာနဖြစ်သည့် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောကြားသည်။

EIA/SIA လေ့လာမှုပြီးစီးလျှင် စီမံကိန်းအတွက် လိုအပ်သည့် Master Plan ရေးဆွဲမည်ဟု ဦးကျော်အေးသိန်း က ပြောသည်။ အဆိုပါအထူးစီးပွားရေး ဇုန်စီမံကိန်းတွင် ဒေသခံများလည်း ပါဝင်နိုင်မည်ဖြစ်ပြီး ကုမ္ပဏီ ၅၀ ကျော်ဖြင့်ဖွဲ့စည်းထားသော အများပိုင်ကုမ္ပဏီမှ ပါဝင်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ တင်ဒါ အောင်ထားသည့် CITIC ကုမ္ပဏီ အုပ်စုသည် ကျောက်ဖြူ အထူးစီးပွားရေးဇုန် အတွင်း စက်မှုဇုန်နှင့် ရေနက်ဆိပ် ကမ်းစီမံကိန်းနှစ်ခုကို ဒေါ်လာ ကိုးဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဟု ဆိုသည်။