ဆေးဝါးအတုတွေကြောင့် အာဖရိကမှာ တနှစ် လူတသိန်းခန့် သေဆုံး

ကမ္ဘာ့အဆင်းရဲဆုံး အာဖရိကတိုက်မှာ ဆေးဝါးအတုတွေကြောင့် တနှစ်ကို လူ တသိန်းလောက် သေဆုံး နေရတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

အနောက်အာဖရိက အိုင်ဗရီကို့စ်နိုင်ငံ မြို့တော် နဲ့ စီးပွားရေးအချက်အချာကျတဲ့နေရာတွေမှာ ဆေးဝါးတု ဈေးကွက်ရှိပြီး ဆေးအတုတွေကို အာဏာပိုင်တွေ သိမ်းဆည်းမီးရှို့ခဲ့ပေမယ့် မကြာမကြာဆိုသလို ပြန်ပေါ် လာတယ်လို့ ဆိုပါတယ်။

ဆေးအတုရောင်းသူတွေကို ရဲတွေက အရေးယူပေမဲ့ ရဲတွေကိုယ်တိုင် ဆေးအတုတွေ ရောင်းနေတာလို့လည်း လမ်းဘေးက ဆေးအတုရောင်းသူတဦးက ပြောပါတယ်။ အကိုက်အခဲပျောက်ဆေးအတုက အစ၊ ပဋိဇီဝဆေးအတု အလယ်၊ ငှက်ဖျားပျောက်ဆေးအတု သာမက ကိုယ်ခံစွမ်းအားကျဆင်း ရောဂါကုဆေးအတ အဆုံးဆေးမျိုးစုံထိ ရောင်းချနေပြီး ကိုယ်ပိုင်ဆေးခန်းတွေကတောင် လာဝယ်တယ်လို့ ပြောပါတယ်။

(RFA)