မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းးအနားအား တိုင်းပါတီအတွင်းရေးမှူး ဦးသာဝင်းမှ အဖွင့်အမှာစကားပြောကြား

ရန်ကုန် ဒီဇင်ဘာ (၈) ရက်

ရန်ကုန်အရှေ့ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ နိုင်ငံရေးစီမံခန်ခွဲမှု(ဆင်ပွား)သင်တန်း အမှတ်စဉ် (၁/၂၀၁၇) ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် ၉ နာရီအချိန်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။

အခမ်းအနားကို နိုင်ငံတော်သီချင်းနှင့်ဖွင့်လှစ်ပြီး တိုင်းပါတီအတွင်းရေးမှူး ဦးသာဝင်း၊ တိုင်းပါတီကော်မတီ နယ်မြေခွဲတာဝန်ခံ ဦးတင်အောင်၊ အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစိန်မြင့်၊ ခရိုင်ကော်မတီဝင် ဦးမျိုးဝင်းကျော်၊ မြို့နယ်ပါတီနာယက ဦးကျော်စိုး၊ မြို့နယ်ပါတီနာယက ဦးသိန်းထွန်း၊ မြို့နယ်ပါတီနာယက ဦးအေးမြင့်၊ မြို့နယ်ပါတီဥက္ကဌ ဦးခင်မောင်မြင့်နှင့် မြို့နယ်ပါတီကော်မတီဝင်များ အလှူရှင်များ ဖိတ်ကြား ထားသော ဧည့်သည်တော်များ သင်တန်းသူသင်တန်းသားများ အင်အား (၁၀၀) ဦး တက်ရောက်ပြီး ဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက် ၉ နာရီခွဲတွင် အောင်မြင်စွာပြီးမြောက်ပါသည်။

အေးမင်းဇော်(မြောက်ဥက္ကလာ)