ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်၊ ခရိုင်၊ မြို့နယ် တွေ့ဆုံပွဲကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရခိုင်ပြည်နယ်၊ ခရိုင်၊ မြို့နယ်များ၏ တွေ့ဆုံပွဲကို ပြည်နယ်ပါတီရုံးအစည်းအဝေးခန်းမ၌ နိုဝင်ဘာလ ၆ ရက်နေ့နှင့် ၇ ရက်နေ့တို့က ပြုလုပ် ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင်၊ ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးသန်းဝေ၊ ပြည်နယ် ပါတီဘဏ္ဍာရေးမှူး ဦးသန်းထွန်း၊ ပြည်နယ်ပါတီ ကော်မတီဝင်များဖြစ်ကြ သော ဦးမြအောင် (ပြည်နယ်ဝန်ကြီးချုပ်ဟောင်း)၊ ဦးဇော်ဇော်မြင့် (ပြည် နယ်လွှတ်တော်ကိုယ်စားလှယ်)၊ ဦးလှထွန်း၊ ဦးစန်းငွေ၊ ဦးတင်မောင်သန်း၊ ဦးထွန်းအောင်ခိုင်၊ ဦးဘသိန်း၊ ဦးသိန်းနု၊ ဒေါ်ခိုင်ဇင်ဦးနှင့် ရခိုင်ပြည်နယ် အတွင်းရှိ ခရိုင် ၅ ခရိုင်မှ ခရိုင်ပါတီဥက္ကဋ္ဌများ နှင့် အတွင်းရေးမှူးများ၊ မြို့နယ် ၁၇ မြို့နယ်မှ မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ စုစုပေါင်း ၅၆ ဦးတက်ရောက်ခဲ့ကြသည်။

တွေ့ဆုံပွဲ တွေ့ဆုံပွဲတွင် သက်ဆိုင်ရာ ပြည်နယ်ကော်မတီဝင်များ၊ ခရိုင် နှင့် မြို့နယ်များမှ ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့မှ မိမိတို့လုပ်ကိုင် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ လက်ရှိပကတိမြေပြင်အနေအထား များ၊ လုပ်ကိုင်ဆောင်ရွက်ရာတွင် အခက်အခဲဖြစ်ပေါ်နေမှုများအား ရှင်းလင်းတင်ပြခဲ့ကြရာ ပါတီဗဟိုအလုပ်အမှုဆောင်နှင့် တာဝန်ရှိသူများ က ပြန်လည်ဖြေကြားကာ လိုအပ်သည်များအား ပါတီဗဟိုအလုပ်အမှု ဆောင်မှ ဖြည့်စွက်မှာကြားကာ ရှေ့ဆက်လုပ်ကိုင်ဆောင်ရွက်သွားရမည့် ပါတီလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းမှာကြားခဲ့သည်။