ပြည်​ခိုင်​ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်​​ထွေး မေ​ကွးတိုင်း​ခရိုင်​ မြို့နယ် ပါတီဥက္ကဌများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မကွေး နိုဝင်ဘာ ၈

မကွေးတိုင်းဒေသကြီး ပါတီကော်မတီဝင်များနှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌများ တွေ့ဆုံလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီး ပါတီအစည်းအဝေး ခန်းမ၌ ယနေ့နံနက် ၁ဝ နာရီအချိန်က ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးသို့ ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးနှင့် ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ မြို့နယ်ဥက္ကဋ္ဌအပါအဝင် အင်အား ၅ဝ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ပါတီဗဟိုအတွင်းရေးမှူးဦးပိုက်ထွေးက ပါတီဝင် အင်အား အခိုင်အမာတိုးပွားရေး၊ ပါတီဝင်ကြေးများပေးသွင်းရေး၊ ပါတီတွင်း စည်းလုံးညီညွတ်ရေး၊ ပြည်သူလူထုနှင့် စဉ်ဆက်မပြတ် ထိတွေ့နေပြီး လိုအပ်ချက်နှင့် အခက်အခဲများကို ကူညီဖြေရှင်းပေးရေး၊ မိမိ ကြောင့် ပါတီ၏ ဂုဏ်သိက္ခာထိခိုက်နစ်နာမှုမရှိစေရေး၊ ရုံးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ရေး၊ သတင်းပို့စနစ်ကျင့်သုံးရန်နှင့် အခြားလိုအပ် ချက်များကို အကျယ်တဝင့်ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌဒေါက်တာမောင်မောင်ဌေး၊ တိုင်း ဒေသကြီးအတွင်းရေးမှူး ဦးဆန်းညွန့်အောင်နှင့် တိုင်းဒေသကြီး စည်းရုံး ရေးတာဝန်ခံ ဦးဟန်မောင်တို့က လုပ်ငန်းပိုင်းဆိုင်ရာကိစ္စများကို အကျယ် တဝင့် ဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက် ခရိုင်၊ မြို့နယ် ပါတီဥက္ကဋ္ဌများ၏ တင်ပြဆွေးနွေးချက်များ အပေါ် လိုအပ်ချက်များအား တာဝန်ရှိသူများက ရှင်းလင်းဖြည့်ဆည်း ပေး ခဲ့သည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးပါတီ ကော်မတီ ဝင်များ၊ ခရိုင်နှင့်မြို့နယ်ပါတီဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။