ရုရှားစစ်လက်နက် ပစ္စည်းများ ရောင်းချ အမေရိကန်ဒေါ်လာ မြောက်မြားစွာရရှိ

မော်စကို နိုဝင်ဘာ ၈

ရုရှားသည် ယခုနှစ်ကုန်အထိ စစ်လက်နက်နှင့် စစ်အသုံးအဆောင် ကိရိယာများ ရောင်းချခြင်းမှ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၃ ဘီလီယံအထိ ရရှိခဲ့ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ယမန်နေ့က ထုတ်ဖော်ပြောကြားခဲ့သည်။
ယခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလအထိ လက်နက်နှင့် စစ်ဘက်ဆိုင်ရာ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုအရ အမေရိကန်ဒေါ်လာ ၄၅ ဘီလီယံကျော်ရရှိခဲ့ကြောင်း စစ်လက်နက်တင်ပို့ခြင်း တစ်ခုတည်းမှ ဝင်ငွေအမေရိကန် ဒေါ်လာ ၁၅ ဒသမ ၃ ဘီလီယံ ရရှိနိုင်မည်ဟု ရုရှားနိုင်ငံနှင့် ပြည်ပနိုင်ငံများ စစ်ဘက်ဆိုင်ရာ နည်းပညာပိုင်း ပူးပေါင်း ဆောင်ရွက်မှု ကော်မရှင်အစည်းအဝေးတွင် ပူတင်က ပြောခဲ့သည်။

ရုရှားနိုင်ငံ ဆိုင်ရာ စက်မှုလုပ်ငန်းများတွင် စီးပွားရေးနှင့် ငွေကြေးတည်ငြိမ်မှု ဖြစ်ပေါ်တိုးတက်ခဲ့သောကြောင့် နည်းပညာနှင့် ထုတ်လုပ်မှုကို တိုးမြှင့်ခဲ့ရကြောင်း၊ ထို့အပြင် ပို့ကုန်ပိုင်းကိုလည်း တိုးမြှင့်ပို့နိုင်ခဲ့ပြီး အရည်အသွေး ပိုင်းလည်း ကောင်းမွန် တိုးတက်အောင်ဆောင်ရွက်ခဲ့ကြောင်း သမ္မတပူတင်၏ ပြောကြားချက် အရ သိရသည်။

ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုကဏ္ဍသည် လွန်စွာအရေးကြီးကြောင်း၊ လက်နက် တင်ပို့ရောင်းချမှုသည် မည်သည့်နိုင်ငံအတွက်မဆို ကြီးမားသည့်တာဝန်ယူမှု တာဝန် ခံမှုရှိကြောင်း၊ ထို့ကြောင့် သက်ဆိုင်သူ အားလုံးက ယင်းအချက်ကို က္ဘာ့လက်နက် ဈေးကွက်မှာ အထူးသတိပြုသင့်ကြောင်း ၄င်းက ဆက်လက် ပြောကြားခဲ့သည်။

ဆင်ဟွာ