မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိုနှိုင်းအစည်းအဝေးပြုလုပ်

မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ အောက်တိုဘာ (၃၁) ရက်နေ့ နံနက် (၁၀း၀၀) နာရီချိန်တွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကော်မတီများ အစည်းအဝေးပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦးမှ ရှေ့ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ် များနှင့် လုပ်ငန်းစဉ်များအား ချပြဆွေးနွေးခဲ့ပြီး၊ ပြည်နယ်ကော်မတီ ဒေါက်တာတိုးတိုးအောင် (လူငယ်ရေး ရာတာဝန်ခံ) မှ လူငယ်ကဏ္ဍဆောင်ရွက်ရမည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့သည်။

ဆက်လက်၍ ဆပ်ကော်မတီများ၏ လုပ်ဆောင်မည့်ကိစ္စများအား အဖွဲ့ အလိုက် ဆွေးနွေးခဲ့ပြီး၊ သက်ဆိုင်ရာ မြို့နယ်ပါတီဥက္ကဌများမှ ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ဆက်လက်လုပ်ဆောင်ရမည့် ကိစ္စရပ်များအား မေးမြန်းဆွေးနွေးခဲ့ပြီး မွန်းတည့် (၁၂း၀၀) နာရီချိန်တွင် အစည်းအဝေး ပြီးမြောက်ခဲ့သည်။

#admin_team