ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးမှ ဘာသာပေါင်းစုံ ဆုတောင်းပွဲအစီအစဉ်နှင့် ပြုမူမှုများသည် နိုင်ငံအသည်းနှလုံးကို ထိခိုက် ၍ နိုင်ငံသူနိုင်ငံသားများကို ထိခိုက်စူးရှမှုများဖြစ်ပေါ်နေဟုဆို

ဘာသာပေါင်းစုံဆုတောင်းပွဲအစီအစဉ်နှင့် ပြုမူမှုများသည် နိုင်ငံအသည်း နှလုံးကိုထိခိုက်၍ နိုင်ငံသူနိုင်ငံသားများကို ထိခိုက်စူးရှမှုများ ဖြစ်ပေါ်နေကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက ပြောသည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးချုပ်တွင် အောက်တိုဘာ ၃၀ ရက်က ကျင်းပသည့် သတင်းစာရှင်းလင်း ပွဲ၌ ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“ ဆုတောင်းပွဲတွေလုပ်တယ်။ ငြိမ်းချမ်းရေးအတွက်ဆိုတာ ကျွန်တော်တို့ အနေနဲ့ လက်ခံပါတယ်။ ဒါပေမဲ့ ဒီဆုတောင်းပွဲမှာပါတဲ့ အပြုအမူနဲ့ အစီ အစဉ်တွေကိုပါ။ ဒါတွေက မီဒီယာများအားလုံးလည်း သိမှာပါ။ ဒီအပြုအမူ အစီအစဉ်တွေက နိုင်ငံအသည်းနှလုံးကို ထိခိုက်ပြီး နိုင်ငံသူ နိုင်ငံသား တွေကို ထိခိုက်စူးရှမှုတွေ ဖြစ်နေပါတယ်။

စဥ့်ကိုင်ဖြစ်စဉ်တစ်ခုတည်းကို ပြောတာမဟုတ်ပါဘူး။ နေရာအနှံ့က ဆုတောင်းနေတာမှာ တွေ့မြင်နိုင်ပါတယ်။” ဟု ဦးသောင်းအေးက ပြောသည်။

crd;