စမ်းကုန်းကျေးရွာရှိ ၉၃ရာခိုင်နှုန်းပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ တက်ရောက်ချီးမြှင့်

အောက်တိုဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်၊ အုတ်တွင်းအုပ်စု၊ စမ်းကုန်းကျေးရွာတွင် ယနေ့ အောက်တိုဘာ ၂၄ ရက်နေ့၌ ကျင်းပသော ပါတီဝင်အဆိုပြုလွှာပေးအပ်ခြင်း အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ပါတီဗဟိုအတွင်းရေးမှူးများ ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ခဲ့သည်။အခမ်းအနားတွင် ကြံခင်းမြို့နယ်၊ ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးမျိုးမင်းထွဋ်မှ အခမ်းအနားနှင့် ပတ်သက်၍ရှင်းလင်းတင်ပြခဲ့ပြီး အသစ်ဝင်ရောက်လာသော ပါတီဝင် ဦးအေးနိုင်မှ ပါတီသို့ဝင်ရောက်ရခြင်းအကြောင်းအား တင်ပြကြသည်။

ထို့နောက် ပါတီဝင်အသစ်များအတွက် ပါတီဝင်ကြေး ပေးအပ်ရာ ဗဟိုအတွင်းရေးမှူ ဦးသန်းထွန်းမှလက်ခံရယူပြီး ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်များမှ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ နှုတ်ခွန်းဆက်အမှာစကားပြောကြားကာ ပါတီဝင်အသစ်များကို ဂုဏ်ပြုသောအားဖြင့် ပြည်ခိုင်ဖြိုးပါတီ၏ ရင်ထိုးတံဆိပ်များ တပ်ဆင်ပေးခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။

#ပသဆ