နိုင္ငံေတာ္အက်ိဳးကို ေဆာင္ရြက္ရန္ႏွင့္ ျပည္သူကိုအက်ိဳးျပဳရန္ဖြဲ႕စည္းထားေသာ ပါတီျဖစ္၍ နိုင္ငံ့အက်ိဳး​ျပည္သူ႔အက်ိဳးကို အေလးထားေဆာင္ရြက္ၾကရန္ျပင္ဦးလြင္ၿမိဳ႕ခရိုင္/ၿမိဳ႕နယ္ ပါတီေကာ္မတီဝင္မ်ား၊ ရပ္ေက်းစည္းမႉးမ်ားႏွင့္ ေတြ႕ဆုံပြဲ၌ ပါတီဒုတိယဥကၠ႒ဦးလွထြန္းေျပာၾကား


ျပင္ဦးလြင္ ေအာက္တိုဘာ ၁၀
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဒုတိယဥကၠ႒ဦးလွထြန္းသည္မႏၲေလးတိုင္းေဒသႀကီးေပါင္းစပ္ညႇိႏွိုင္းေရးမႉးဗဟိုအလုပ္အမႈေဆာင္
ေဒါက္တာေမာင္သင္း၊ဗဟိုအလုပ္အမႈေဆာင္ဦးတင့္ လွိုင္ျမင့္၊မႏၲေလးတိုင္းေဒသႀကီးပါတီဥကၠ႒ဦးေအာင္ ေက်ာ္မိုး၊တိုင္းပါတီအတြင္းေရးမႉးဦးညႊန္႔ေဆာင္၊
တိုင္းေကာ္မတီဝင္မ်ားႏွင့္အတူ (၁၀.၉.၂၀၂၃)ေန႔ နံနက္ (၁၀:၀၀)နာရီအခ်ိန္၌ျပင္ဦးလြင္ၿမိဳ႕နယ္၊ ျပည္ခိုင္ၿဖိဳးပါတီ႐ုံးအစည္းအေဝးခန္းမတြင္
ျပင္ဦးလြင္ခရိုင္/ၿမိဳ႕နယ္ ပါတီေကာ္မတီဝင္မ်ား၊ ရပ္ေက်းစည္းမႉးမ်ားႏွင့္ေတြ႕ဆုံခဲ့ပါသည္။
ဒုတိယဥကၠ႒မွအဖြင့္ႏႈတ္ခြန္းဆက္အမွာစကားေျပာၾကားရာတြင္ပါတီ၏ေဆာင္ပုဒ္ျဖစ္သည့္စိတ္ဓာတ္၊စည္းကမ္း၊ႀကံ့ခိုင္၊စည္းလုံးဆိုသည္အတိုင္း
တိုင္းျပည္ေကာင္းေအာင္လုပ္မည္ဟူေသာစိတ္ဓာတ္ ထားရွိရမည္ျဖစ္ေၾကာင္း၊စည္းကမ္းရွိမွတိုးတက္မည္ ျဖစ္၍စည္ကမ္းရွိရန္လိုအပ္ေၾကာင္း၊က်န္းမာႀကံ့ခိုင္မႈရွိရန္လည္းလိုအပ္ေၾကာင္း၊စိတ္ဓာတ္ပါႀကံ့ခိုင္ေနရမည္ျဖစ္ေၾကာင္း၊စည္းလုံးညီညြတ္မွေအာင္ျမင္မည္၊ တိုးတက္မည္ျဖစ္၍စည္းလုံးညီညြတ္မႈသည္
လြန္စြာအေရးႀကီးေၾကာင္း၊ယခုေတြ႕ဆုံပြဲသို႔တက္ေရာက္လာသူမ်ားအေနႏွင့္လည္း ပြင့္ပြင့္လင္းလင္း ေဆြးေႏြးေပးၾကေစလိုေၾကာင္းသို႔မွသာအေျခအေနမွန္မ်ားကိုသိရွိရမည္ျဖစ္ေၾကာင္းဦးစြာႏႈတ္ခြန္းဆက္အမွာစကားေျပာၾကားပါသည္။
၎ေနာက္တက္ေရာက္လာၾကေသာ ခရိုင္၊ၿမိဳ႕နယ္၊ရပ္ေက်းမ်ားမွတစ္ဦးခ်င္းစီမိတ္ဆက္၍ မိမိတို႔ တာဝန္ယူထားရေသာနယ္ေျမအလိုက္ က႑အလိုက္၊ ရင္းႏွီးပြင့္လင္းစြာ တင္ျပေဆြးေႏြးခဲ့ၾကၿပီး ခရိုင္ပါတီဥကၠ႒မွပါတီဝင္အင္အားစာရင္းစိစစ္မႈအေျခအေနကိုအေသးစိတ္ တင္ျပေဆြးေႏြးခဲ့ပါသည္။
တင္ျပေဆြးေႏြးမႈမ်ားအေပၚ မႏၲေလးတိုင္းေဒသႀကီးေပါင္းစပ္ညႇိႏွိုင္းေရးမႉး ဗဟိုအလုပ္အမႈေဆာင္ေဒါက္တာေမာင္းသင္းႏွင့္ တိုင္းပါတီဥကၠ႒ဦးေအာင္ေက်ာ္မိုးတို႔မွ ျပန္လည္ ေပါင္းစပ္ညႇိႏွိုင္းေဆြးေႏြးခဲ့ၾကပါသည္။
တိုင္း၊ခရိုင္၊ၿမိဳ႕နယ္၊ရပ္ေက်းမ်ား၏တင္ျပေဆြးေႏြး မႈမ်ားအေပၚဒုတိယဥကၠ႒မွ ထပ္မံျဖည့္စြက္ေဆြးေႏြးခဲ့ၿပီးျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီသည္
နိုင္ငံေတာ္အက်ိဳးႏွင့္ျပည္သူ႔အက်ိဳးကိုေဆာင္ရြက္ရန္ဖြဲ႕စည္းထားေသာ​ပါတီျဖစ္၍နိုင္ငံ့အက်ိဳး၊ျပည္သူ႔အက်ိဳးကိုအေလးထားေဆာင္ရြက္ၾကရန္လိုေၾကာင္း၊ျပည့္မ႑ိဳင္လုပ္ငန္းစဥ္မ်ားအေကာင္အထည္ေဖာ္ေဆာင္ရြက္ၿပီးပါတီဝန္းရံအင္အားမ်ား၊ပါတီကိုေထာက္ခံမဲေပးမည့္သူမ်ားတိုးပြားေအာင္ေဆာင္ရြက္ရမည္၊စုစည္းရမည္၊စည္း႐ုံးရမည္ျဖစ္ေၾကာင္း၊နိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းၿပီးတိုးတက္ေအာင္လည္းအားလုံးဝိုင္းဝန္းႀကိဳးစားေဆာင္ရြက္ၾကရန္လိုအပ္ေၾကာင္းနိဂုံးခ်ဳပ္အမွာစကားေျပာၾကားကာေတြ႕ဆုံပြဲအခမ္းအနားၿပီးဆုံးခဲ့ပါသည္။
ဆက္လက္၍ပါတီဒုတိယဥကၠ႒သည္ အကူအညီလိုအပ္ေနေသာပါတီဝင္မ်ားအားေတြ႕ဆုံ၍အားေပးႏွစ္သိမ့္စကားေျပာၾကားကာေထာက္ပံ့ေငြေပးမ်ားအပ္ခဲ့ပါသည္။

=======================

နိုင်ငံတော်အကျိုးကို ဆောင်ရွက်ရန်နှင့် ပြည်သူကိုအကျိုးပြုရန်ဖွဲ့စည်းထားသော ပါတီဖြစ်၍ နိုင်ငံ့အကျိုး​ပြည်သူ့အကျိုးကို အလေးထားဆောင်ရွက်ကြရန်ပြင်ဦးလွင်မြို့ခရိုင်/မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်ကျေးစည်းမှူးများနှင့် တွေ့ဆုံပွဲ၌ ပါတီဒုတိယဥက္ကဋ္ဌဦးလှထွန်းပြောကြား

ပြင်ဦးလွင် အောက်တိုဘာ ၁၀
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌဦးလှထွန်းသည်မန္တလေးတိုင်းဒေသကြီးပေါင်းစပ်ညှိနှိုင်းရေးမှူးဗဟိုအလုပ်အမှုဆောင်
ဒေါက်တာမောင်သင်း၊ဗဟိုအလုပ်အမှုဆောင်ဦးတင့် လှိုင်မြင့်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးအောင် ကျော်မိုး၊တိုင်းပါတီအတွင်းရေးမှူးဦးညွှန့်ဆောင်၊
တိုင်းကော်မတီဝင်များနှင့်အတူ (၁၀.၉.၂၀၂၃)နေ့ နံနက် (၁၀:၀၀)နာရီအချိန်၌ပြင်ဦးလွင်မြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမတွင်
ပြင်ဦးလွင်ခရိုင်/မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်ကျေးစည်းမှူးများနှင့်တွေ့ဆုံခဲ့ပါသည်။
ဒုတိယဥက္ကဋ္ဌမှအဖွင့်နှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင်ပါတီ၏ဆောင်ပုဒ်ဖြစ်သည့်စိတ်ဓာတ်၊စည်းကမ်း၊ကြံ့ခိုင်၊စည်းလုံးဆိုသည်အတိုင်း
တိုင်းပြည်ကောင်းအောင်လုပ်မည်ဟူသောစိတ်ဓာတ် ထားရှိရမည်ဖြစ်ကြောင်း၊စည်းကမ်းရှိမှတိုးတက်မည် ဖြစ်၍စည်ကမ်းရှိရန်လိုအပ်ကြောင်း၊ကျန်းမာကြံ့ခိုင်မှုရှိရန်လည်းလိုအပ်ကြောင်း၊စိတ်ဓာတ်ပါကြံ့ခိုင်နေရမည်ဖြစ်ကြောင်း၊စည်းလုံးညီညွတ်မှအောင်မြင်မည်၊ တိုးတက်မည်ဖြစ်၍စည်းလုံးညီညွတ်မှုသည်
လွန်စွာအရေးကြီးကြောင်း၊ယခုတွေ့ဆုံပွဲသို့တက်ရောက်လာသူများအနေနှင့်လည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြစေလိုကြောင်းသို့မှသာအခြေအနေမှန်များကိုသိရှိရမည်ဖြစ်ကြောင်းဦးစွာနှုတ်ခွန်းဆက်အမှာစကားပြောကြားပါသည်။
၎င်းနောက်တက်ရောက်လာကြသော ခရိုင်၊မြို့နယ်၊ရပ်ကျေးများမှတစ်ဦးချင်းစီမိတ်ဆက်၍ မိမိတို့ တာဝန်ယူထားရသောနယ်မြေအလိုက် ကဏ္ဍအလိုက်၊ ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးခဲ့ကြပြီး ခရိုင်ပါတီဥက္ကဋ္ဌမှပါတီဝင်အင်အားစာရင်းစိစစ်မှုအခြေအနေကိုအသေးစိတ် တင်ပြဆွေးနွေးခဲ့ပါသည်။
တင်ပြဆွေးနွေးမှုများအပေါ် မန္တလေးတိုင်းဒေသကြီးပေါင်းစပ်ညှိနှိုင်းရေးမှူး ဗဟိုအလုပ်အမှုဆောင်ဒေါက်တာမောင်းသင်းနှင့် တိုင်းပါတီဥက္ကဋ္ဌဦးအောင်ကျော်မိုးတို့မှ ပြန်လည် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
တိုင်း၊ခရိုင်၊မြို့နယ်၊ရပ်ကျေးများ၏တင်ပြဆွေးနွေး မှုများအပေါ်ဒုတိယဥက္ကဋ္ဌမှ ထပ်မံဖြည့်စွက်ဆွေးနွေးခဲ့ပြီးပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည်
နိုင်ငံတော်အကျိုးနှင့်ပြည်သူ့အကျိုးကိုဆောင်ရွက်ရန်ဖွဲ့စည်းထားသော​ပါတီဖြစ်၍နိုင်ငံ့အကျိုး၊ပြည်သူ့အကျိုးကိုအလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ပြည့်မဏ္ဍိုင်လုပ်ငန်းစဥ်များအကောင်အထည်ဖော်ဆောင်ရွက်ပြီးပါတီဝန်းရံအင်အားများ၊ပါတီကိုထောက်ခံမဲပေးမည့်သူများတိုးပွားအောင်ဆောင်ရွက်ရမည်၊စုစည်းရမည်၊စည်းရုံးရမည်ဖြစ်ကြောင်း၊နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီးတိုးတက်အောင်လည်းအားလုံးဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရန်လိုအပ်ကြောင်းနိဂုံးချုပ်အမှာစကားပြောကြားကာတွေ့ဆုံပွဲအခမ်းအနားပြီးဆုံးခဲ့ပါသည်။
ဆက်လက်၍ပါတီဒုတိယဥက္ကဋ္ဌသည် အကူအညီလိုအပ်နေသောပါတီဝင်များအားတွေ့ဆုံ၍အားပေးနှစ်သိမ့်စကားပြောကြားကာထောက်ပံ့ငွေပေးများအပ်ခဲ့ပါသည်။