ဒေ့ဗ်နှင့် ပြန်လည် ယှဉ်ပြိုင်ရမည့် ပွဲစဉ်ကို မိမိဘက်က အဆင်သင့်ရှိသည်ဟု တူးတူး တုံ့ပြန်

ရန်ကုန် စက်တင်ဘာ ၂၅

မြန်မာ့ရိုးရာ လက်ဝှေ့ကျော် တူးတူးနှင့် KBZ ရွှေအောင်လံဆု ရရှိထားသော ဒေ့ဗ်တို့သည် မကျေပွဲအဖြစ် ပြန်လည် ယှဉ်ပြိုင်ကြရန် တောင်းဆိုမှုများ ရှိနေရာ မိမိအနေဖြင့် ဒေ့ဗ်နှင့် ပြန်လည် ယှဉ်ပြိုင်ရမည်ဆိုပါက အသင့် အနေအထားရှိနေကြောင်း တူးတူးက ပြောသည်။

”ဒေ့ဗ်နဲ့ ပြန်လည်ယှဉ်ပြိုင်ဖို့ ကျွန်တော် အမြဲတမ်း အဆင်သင့် ရှိပါတယ်။ အချိန်မရွေး ယှဉ်ပြိုင်ဖို့အသင့်ပါပဲ” ဟု တူးတူးက ပြောသည်။

ဒေ့ဗ်က ၎င်း၏လူမှုကွန်ရက် စာမျက်နှာတွင် ”တူးတူးနဲ့ ကျွန်တော်က ပြီးခဲ့တဲ့နှစ်မှာ တွေ့ဆုံခဲ့ပါတယ်။ ကျွန်တော် မြန်မာ့လက်ဝှေ့ ကို စသင်တဲ့အချိန်မှာတောင် သူ့ကိုသရေရအောင် ယှဉ်ပြိုင်နိုင်ခဲ့တာပါ။ တူးတူးက အမှတ် ရအောင် ယူတတ်တဲ့ လက်ဝှေ့သမား တစ်ယောက်ဖြစ်လို့ WLC-3 မှာ ချန်ပီယံ ဖြစ်သွားနိုင်ပါတယ်။ ကျွန်တော် ကလည်း ဒီအချိန်မှာ မြန်မာ့ လက်ဝှေ့ကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်နေပြီ ဖြစ်လို့ တူးတူးနဲ့ ပြန်လည် တွေ့ချင်ပါသေးတယ်” ဟု ဖော်ပြခဲ့ခြင်း ဖြစ်သည်။

Myawaddy sports