ခါကာဘိုရာဇီအမျိုးသားဥယျာဉ်တောင်ပိုင်းတိုးချဲ့နယ်မြေအား ကမ္ဘာ့အမွေအနှစ်နယ်မြေများအဖြစ် သတ်မှတ်ရန် ရည်ရွယ်မှုအပေါ် ကချင်ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများ၏ ပူးတွဲသဘောထားထုတ်ပြန်

 

၂၀၁၇ခုနှစ်၊ စက်တင်ဘာလ (၂၂)ရက်

၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ(၂၂)ရက်နေ့၊ (၀၉း၃၀)နာရီအချိန်မှ (၁၂း၃၀)နာရီအချိန်အထိ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်၊ ပြည်နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး   ပါတီရုံး၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကချင်ပြည်နယ်ဥက္ကဌ ဦးရားဝမ်ဂျုံ၊ တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီ ကချင်ပြည်နယ်ဥက္ကဌ ဦးမောင်မောင်၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူလေးပါတီ) ကချင်ပြည်နယ်ဥက္ကဌ ဦးလာမေတားနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ) ဗဟို အကြံပေး ဦးစိုးထွေးမောင်တို့ပါဝင်သော ပါတီအသီးသီးကိုယ်စားပြု အဖွဲ့ဝင်များတွေ့ဆုံ၍ ”ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်တောင်ပိုင်း တိုးချဲ့နယ်မြေအား ကမ္ဘာ့အမွေအနှစ်နယ်မြေများအဖြစ် သတ်မှတ်ရန် ရည်ရွယ်ခြင်းအပေါ် ” ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြပါသည်။

အစည်းအဝေးဆုံးချက်အရ ”ခါကာဘိုရာဇီအမျိုးသားဥယျာဉ်တောင်ပိုင်း တိုးချဲ့နယ်မြေအား ကမ္ဘာ့ အမွေအနှစ်နယ်မြေများအဖြစ် သတ်မှတ်ရန်ရည်ရွယ်ခြင်းအပေါ် ကချင်ပြည်နယ်အတွင်းရှိ နိုင်ငံရေး ပါတီများ၏ ပူးတွဲသဘောထားထုတ်ပြန်ချက်” ကို ၂၀၁၇ရက်နေ့၊ စက်တင်ဘာလ(၂၂)ရက်နေ့ ရက်စွဲဖြင့် သက်ဆိုင်ရာ ပါတီတာဝန်ရှိသူများ လက်မှတ်ရေးထိုး ထုတ်ပြန်ကြေငြာခဲ့ပါသည်။

Myo Min Tun