မန်ယူကစားသမားဟောင်း ရီယိုဖာဒီနန် လက်ဝှေ့သမားဘဝ ကူးပြောင်း

ဘောလုံးလောကမှ အနားယူကာ ၂ နှစ်ကြာပြီးနောက် မန်ယူနောက်ခံဘောလုံးသမား ဟောင်း ရီယိုဖာဒီနန် (၃၈)နှစ် သည် အသက်မွေးဝမ်းကျောင်း အသစ်အဖြစ် ကြေးစားလက်ဝှေ့ သမားဘဝသို့  ကူးပြောင်းလာ သည်။ ကြိုးဝိုင်းလောကထဲသို့ ဖာဒီ နန်ဝင်ရောက်လာ၍  လောင်း ကစားကုမ္ပဏီကြီး Betfair က ကမကထပြု အားပေးထောက်ခံ ပြီး အဆိုပါသတင်းကို Betfair က ယမန်နေ့က ကြေညာခဲ့ခြင်းဖြစ် သည်။

အင်္ဂလန်  လက်ရွေးစင် ဟောင်း ဖာဒီနန်သည် လက်ရှိ တွင် ဘောလုံးရေးရာနှင့် ပတ်သက်၍ ခန့်မှန်းသုံးသပ်၊ အစီအစဉ်တင် ဆက်သူအဖြစ် အသက်မွေးဝမ်း ကျောင်း ပြုနေသည်။ ‘‘ဒါက စိန်ခေါ်မှုတစ်ခုဖြစ် တာကြောင့် လက်ဝှေ့သမားဘဝကို ခံယူတာပါ။ ကျွန်တော်ဟာ ဘောလုံးသမား ဘဝအဖြစ်နဲ့ ဆုဖလားတွေ၊ အမှတ် တံဆိပ်တွေ အများကြီးရခဲ့ပါတယ်။ အခုတော့ ကျွန်တော်ဟာ ချန်ပီယံခါးပတ် အတွက် ရည်မှန်းချက်ထားနေပါ တယ်’’ဟု ဖာဒီနန်က ပြောသည်။

ကိုယ်တိုင်လက်ဝှေ့ကစားနေသော ဗီဒီယိုဖိုင်များကို ဖာဒီနန်က  လတ်တလောတွင် လူမှုကွန်ရက် စာမျက်နှာ ပေါ်သို့ ပို့စ်တင်ခဲ့သည်။ ထို့အပြင် ဖာဒီနန်သည် ပြီးခဲ့သည့်ဧပြီက ဝင်ဘလေကွင်းတွင် ထိုးသတ်ခဲ့သော အန်တိုနီဂျို ရွှာနှင့် ကလစ်ရှ်ကို တို့ပွဲ၌ အနိုင်ရခဲ့သူ ဂျိုရွှာနှင့် ချန်ပီယံခါးပတ် များကိုင်ကာ ဓာတ်ပုံရိုက်ခံခဲ့သည်။

မန်ယူနှင့်အတူ ပရီးမီးယားလိဂ်ဖလား ခြောက်ကြိမ်၊ ချန်ပီယံလိဂ်ဖလား တစ်ကြိမ်ရရှိခဲ့သူ ဖာဒီနန်သည် ဘာမင်ဂမ်ကွင်းလယ်လူဟောင်း ကာတစ်ဝုဒ်ဟောက်စ်နှင့် ခရစ္စတယ်ပဲလေ့စ်တိုက်စစ်မှူဟောင်း လီယွန်မက် ကင်ဇီတို့ ခြေလှမ်းနောက်ကို လိုက်လာခဲ့သည်။ ဝုဒ်ဟောက်စ်သည် ဗြိတိန်စူပါလိုက်ဝိတ်တန်း ချန်ပီယံဖြစ်ခဲ့သည်။

ဖာဒီနန်ကို ဂရိတ်ဗြိတိန် အသင်းနည်းပြနှင့် စူပါမစ်ဒယ် ဝိတ်ချန်ပီယံဟောင်း ရစ်ချီဝဒ် ဟောလ်က လက်ဝှေ့ လေ့ကျင့် သင်ကြားပေးမည်ဖြစ်ပြီး ဖာဒီနန်အနေဖြင့် ယခုကဲ့သို့ လက်ဝှေ့သမားဘဝအဖြစ် ကူးပြောင်းလာ မှုအပေါ် အံ့အားသင့်မိကြောင်း ဝုဒ်ဟောလ်က ပြောကြားသည်။

—Ref:BBC