ယူအက်စ်အိုးပန်း အမျိုးသမီးတင်းနစ် ဗိုလ်လုပွဲတွင် ဆလိုအန်နီစတက်ဖန်းစ် အနိုင်ရ

 

အမေရိကန်နိုင်ငံ နယူးယောက်မှာ ယှဉ်ပြိုင်သွားတဲ့ ယူအက်စ်အိုးပန်း အမျိုးသမီး တဦးချင်း ဗိုလ်လုပွဲမှာ အမေရိကန်သူ ဆလိုအန်နီ စတက်ဖန်းစ်က ပြိုင်ဘက် မက်ဒီဆန်ကီးစ်ကို ၂ ပွဲပြတ်နဲ့ အနိုင်ရ ချန်ပီယံ ဖြစ်သွားပါတယ်။

ယူအက်စ်အိုးပန်း ဗိုလ်လုပွဲမှာ အမေရိကန်နိုင်ငံသူ ၂ ဦး ၁၅ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် ဆုံတွေ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့အဆင့် ၂၂ ဖြစ်တဲ့ ဆလိုအန်နီ စတက်ဖန်းစ်က အဆင့် ၁၅ ဖြစ်တဲ့ မက်ဒီဆန်ကီးစ်ကို လက်ရည်အသာနဲ့ ယှဉ်ပြိုင်ပြီး ပထမပွဲကို ၆ – ၃၊ ဒုတိယပွဲ ၆ – ၀ နဲ့ အနိုင်ယူသွားတာပါ။

ယူအက်စ်အိုးပန်းချန်ပီယံ အသက် ၂၄ နှစ်အရွယ် ဆလိုအန်နီ စတက်ဖန်းစ်ဟာ ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ သန်း ရရှိမှာဖြစ်ပါတယ်။

အခုရတဲ့ ချန်ပီယံဆုဟာ စတက်ဖန်းစ်အတွက်တော့ ကစားသမား သက်တမ်းအတွင်းမှာ ပထမဆုံးရတဲ့ ဂရန်းစလန်း ဆုဖလားလည်း ဖြစ်ပါတယ်။

(ဘီဘီစီ)