ကာဂျစ္စတန် – မြန်မာပွဲကို လုံခြုံရေးအခြေအနေကြောင့် ရွှေ့ဆိုင်း

စက်တင်ဘာလ(၅)ရက်နေ့တွင် ကာဂျစ္စတန်နိုင်ငံ၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သော ကာဂျစ္စတန်-မြန်မာတို့၏ အာရှဖလား ခြေစစ်ပွဲကို လုံခြံရေး အခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)မှ သတင်းထုတ်ပြန်ခဲ့သည်။

MFF၏ ကြေညာချက်တွင် ကာဂျစ်ဘောလုံးအဖွဲ့ချုပ်သည် လုံခြုံရေး စိတ်ချရခြင်းမရှိသဖြင့် အဆိုပါပွဲစဉ်အား ရက်ရွှေ့ပေးပါရန် အာရှဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အား မေတ္တာရပ်ခံခဲ့ရာ သဘောတူခွင့်ပြု ခဲ့သဖြင့် ပွဲရွှေ့ခဲ့ခြင်းဖြစ်သည်။

ကာဂျစ်နှင့်မြန်မာ တို့ပြန်လည်ကစားမည့် ရက်နှင့်အချိန်နေရာတို့ကို အာရှဘောလုံးအဖွဲ့ချုပ်မှ ပြန်လည်ရေးဆွဲ ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။ ကြည့်ရှုအားပေးရန် မျှော်လင့်စောင့်စားနေသော မြန်မာဘောလုံး ပရိသတ်များအား လေးလေးနက်နက်တောင်းပန်အပ်ပါသည်။