ရီးရဲလ်မက်ဒရစ်အသင်း တန်ဖိုးအများဆုံးဖြစ်နေ

ယခုနွေရာသီအပြောင်း အရွှေ့ကာလအတွင်း ပီအက်စ်ဂျီက နေမာနှင့် မက်ဘီတို့ကို စံချိန်တင်ကြေးဖြင့် ဝယ်ယူထားသော်လည်း တန်ဖိုးအများဆုံးကလပ်စာရင်းတွင် ရီးရဲလ်မက်ဒရစ်က ယူရို ၇,၄၃၈ သန်းဖြင့် ဦးဆောင်နေသည်။

ပြီးခဲ့သည့်အပြောင်းအရွှေ့တွင် ရီးရဲလ်မှ မိုရက်တာ၊ ဂျိမ်းစ် ရိုဒရီဂွက်ဇ်၊ ဒန်နီလို၊ မာရီယာနို၊ ကွန်ထရာအိုနှင့် ပီပီတို့ ထွက်ခွာသွားပြီး သီယိုနှင့် ဒန်နီဆီဗယ်လို့စ် တို့ ရောက်လာမှုနှင့်အတူ အငှားချထားသော ဗာရက်တီ၊ လိုရန်တေးနှင့် မာဟိုရယ်တို့ ပြန်ရောက်လာပြီးနောက် ကစားသမားများ၏ စုစုပေါင်း တန်ဖိုး ယူရို ၇,၄၃၈ သန်း ရှိနေသည်။

အပြောင်းအရွှေ့ဈေးကွက်တွင် ငွေအများအပြားသုံးစွဲခဲ့သော်လည်း ပီအက်စ်ဂျီသည် တန်ဖိုး အများဆုံး ကလပ်စာရင်း၌ ပရီးမီးယားလိဂ်အသင်းများနောက် နံပါတ် (၈)နေရာ၌သာ ရှိနေသည်။ ရီးရဲလ်နောက်တွင် ဘာစီလိုနာ၊ ချယ်လ်ဆီး၊ မန်စီးတီး၊ ဘိုင်ယန်၊ မန်ယူ၊ ဂျူဗင်တပ်တို့က အသီးသီး ရပ်တည်နေသည်။

ပီအက်စ်ဂျီနောက်တွင် အက်သလက်တီက တန်ဖိုးယူရို ၅၁၁သန်းဖြင့် နံပါတ် (၉)၊ စပါးကနံပါတ် (၁၀)၌ ရှိနေသည်။

—Ref:AS