စပါးနှင့် ကစားမည့် ပွဲမတိုင်မီ ရီးရဲလ်ကစားသမားများ ဒဏ်ရာပြဿနာရင်ဆိုင်နေရ

ကြာသပတေးနေ့ နံနက် အစောပိုင်း စပါး၏ ယာယီအိမ် ကွင်းဝင်ဘလေသို့ သွားရောက် ရင်ဆိုင်ရမည့် ချန်ပီယံလိဂ်ပွဲ မတိုင်မီ ရီးရဲလ်ကစားသမား ခြောက်ဦးအထိ ဒဏ်ရာပြဿနာ များကြောင့် ပါဝင်နိုင်ခြေမရှိဖြစ် နေသည်။

ရီးရဲလ်နည်းပြ ဇီဒန်းအနေ ဖြင့် ကောလာနားဗာ့စ်၊ အစ္စကို၊ ရာဖေးလ်ဗာရိန်း၊ ဂါရတ်ဘေးလ် တို့ကို ထည့်သုံးနိုင်မည်မဟုတ် ဘဲ ကာဗာဂျယ်နှင့် ကိုဗာစစ်တို့ လည်း ပါဝင်နိုင်မည်မဟုတ်ပေ။

ဂါရတ်ဘေးလ်သည် အ သင်းဟောင်း စပါးကို ပြန်လည်ရင်ဆိုင်ရန် အချိန်မီပြန်ကောင်းနိုင် သည်ဟု ဇီဒန်းက ပြောသော်လည်း ၎င်းသည် တနင်္လာနေ့ကတစ်ဦးတည်း လေ့ကျင့်ခန်းဆင်းခဲ့ ရသည်။

ဒဏ်ရာကြောင့် ရီးရဲလ်၏ နောက်ဆုံးသုံးပွဲနှင့် လွဲချော်ခဲ့ သော နားဗာ့စ်လည်း ပါဝင်နိုင်ခြေ မရှိဖြစ်နေသည်။

ပိုချက်တီနို၏ စပါးနှင့် ရင်ဆိုင်ရန် ကစားသမားရွေးချယ်ရာ တွင် ဇီဒန်းအခက်ကြုံတွေ့နေ သည်။ လက်ရှိလာလီဂါ၌ ဘာစီလိုနာနှင့် ရှစ်မှတ်ကွာဟနေ  သော်လည်း ထိပ်ဆုံးနေရာပြန် ရောက်အောင် ကြိုးပမ်းနိုင်သည် ဟု ယုံကြည်ကြောင်း ဇီဒန်းက ပြောသည်။ ပရီးမီးယားလိဂ်၏ ထိပ် တန်းဂိုးသွင်းရှင် ဟယ်ရီကိန်း လည်း ဒဏ်ရာပြဿနာအနည်း ငယ်ရှိနေသဖြင့် ၎င်း၏ အခြေအနေကို ဆရာဝန်များနှင့် တိုင်ပင်ကာ ရီးရဲလ်နှင့်ပွဲတွင် ပါဝင်ကစားခိုင်းရန် ဆုံးဖြတ်မည်ဟု စပါး နည်းပြ ပိုချက်တီနိုက ပြောသည်။

ယင်းနှစ်သင်းသည် ပြည် တွင်းလိဂ်များတွင် နောက်ဆုံးပွဲ၌ ရှုံးပွဲကြုံတွေ့ထားသည်။

  —Ref:Goal