သမ္မတ ရှီကျင့်ဖိန်က ၂ဝ၂၂ ခုနှစ် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကို တရုတ်နိုင်ငံက အောင်မြင်စွာ လက်ခံ ကျင်းပသွားမည် ဖြစ်ကြောင်း ပြောကြား

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ၂ဝ၂၂ ခုနှစ် ဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲများကို တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် “ အံ့သြဖွယ်ကောင်းသော ၊ အလွန်ထူးခြားသော ၊ အကောင်းဆုံးဖြစ်သော” ပြိုင်ပွဲတစ်ခု ဖြစ်အောင် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သြဂုတ်လ ၂၇ ရက်တွင် ကတိပြုပြောကြားလိုက်သည်။

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် နိုင်ငံတကာအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ သောမတ်စ်ဘတ် တို့ တွေ့ ဆုံဆွေးနွေးစဉ်

တရုတ်နိုင်ငံ မြောက်ပိုင်း ဆိပ်ကမ်းမြို့ တစ်ခုဖြစ်သော တီယန်ကျင်းမြို့ ၌ သြဂုတ်လ ၂၇ ရက်တွင် ပြုလုပ်သည့် ၁၃ ကြိမ်မြောက် တရုတ်အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ အခမ်းအနား တက်ရောက်ရန် ရောက်ရှိနေသော နိုင်ငံတကာအိုလံပစ်ကော်မတီ (IOC) ဥက္ကဋ္ဌ သောမတ်စ်ဘတ်(Thomas Bach) နှင့် တွေ့ ဆုံစဉ် သမ္မတရှီ ကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

သမ္မတရှီက ၂ဝ၂၂ ခုနှစ် ဆောင်းရာသီအိုလံပစ် အားကစားပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင်မှုများကို အဆင်ပြေ ချောမောစွာဖြင့် လုပ်ဆောင်လျက် ရှိကြောင်း ဆက်လက်ပြောကြား ခဲ့သည်။ “ ကျွန်တော်တို့ ရဲ့ ပြိုင်ပွဲကျင်းပရေး ကော်မတီကို အပြည့်အဝ ဂုဏ်ယူပါတယ်။ အဲဒီဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကို တရုတ်နိုင်ငံက အံ့သြဖွယ် ကောင်းအောင် ၊ အလွန်ထူးခြား အောင် ၊ အကောင်းဆုံးဖြစ်အောင် လက်ခံကျင်းပ သွားမှာပါ” ဟု ၄င်းက ဆိုသည်။

ထို့ ပြင် သမ္မတရှီက အားကစားအခန်းကဏ္ဍ၏ အလွန်အရေးပါပုံ နှင့် လူမှုစီးပွားဖွံ ဖြိုးတိုးတက်မှုတွင် အိုလံပစ်အားကစားလှုပ်ရှားမှု၏ အလွန်အရေးပါပုံ ချိတ်ဆက်နေမှုကို တရုတ်နိုင်ငံက နားလည်သဘောပေါက် ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

(Xinhua)