အနောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ် (၁၃) မြို့နယ်မှ လူငယ်ထုများ စုပေါင်း၍ ဘုရားဝန်းအတွင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

 

(၆.၈.၂၀၁၇) နေ့နံနက် (၈) နာရီအချိန်မှ စတင်၍ ပြည်ခိုင်ဖြိုးပါတီ အနောက်ပိုင်းခရိုင်အတွင်းရှိ မြို့ နယ် (၁၃) မြို့ နယ်မှ လူငယ်ထုများ စုပေါင်း၍ ဒဂုံမြို့ နယ်ရှိ မဟာဓမ္မရံသီ အိမ်တော်ရာဘုရားဝန်းအတွင်း စေတီနှင့် ဘုရားဆင်းတုတော်များအား ပန်းရေချမ်း၊ ဆီမီးကပ်လှူပူဇော် ခြင်း၊ ဘုရားဝန်းအတွင်း သန့်ရှင်းရေးဆောင်ရွက်ခြင်း ကုသိုလ်ပြုခဲ့ကြပါ သည်။
ထို့နောက် ဘုရားဂေါပကအဖွဲ့တို့ ဘုရားဘက်စုံပြုပြင်မွန်းမံရန် အလှူငွေ ကျပ် (၁) သိန်းတိတိကို လူငယ်အဖွဲ့မှ လှူ ဒါန်းခဲ့ကြပြီး (၉:၄၅)အချိန်တွင် ပြီးဆုံးကြောင်း သတင်းရရှိပါသည်။

မျိုးသန့် (လမ်းမတော်)