ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသိန်းစိန် ရန်ကုန်တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

YGN3

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန်နှင့် ရန်ကုန်တိုင်းဒေသကြီး တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင်များ တွေ့ဆုံပွဲကို ယနေ့ (မေလ ၂၃ ရက်) န့နက် (၁၀) နာရီအချိန်က တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

YGN5

တွေ့ဆုံရာ၌ ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်မှ ပါတီရှေ့ဆက်သွားမည့် မူဝါဒများ ရှင်းလင်းပြောကြားခဲ့ပြီး ပါတီစဉ်ဆက်မပြတ် ရှင်သန်နေအောင် မျိုးဆက်သစ် လူကောင်း လူတော်များအား အချိုးညီ ထည့်သွင်းဖွဲ့စည်းကြရန်နှင့် ပြည်သူ့ဆန္ဒကို အလေးထားပြီး ပြည်သူချစ်ခင်သည့် ပြည်သူ့ပါတီ ဖြစ်အောင် တည်ဆောက်ကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်နှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ ဗဟို အတိုင်ပင်ခံ ဦးစိုးသာ၊ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသက် နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူးများဖြစ်ကြ သည့် ဦးပိုက်ထွေး၊ ဒေါက်တာမောင်မောင် ဌေး၊ ဦးသန်းထွန်း၊ဗဟိုအလုပ်အမှုဆောင် များဖြစ်ကြသည့် ဦးနန္ဒကျော်စွာ၊ဦးမြညိမ်း၊ ဦးခင်ရီနှင့် ရန်ကုန် တိုင်းဒေသကြီးအတွင်း ရှိပါတီဝင်များအပါ စုစုပေါင်း ၅၃၃ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


Leave a Reply