ပြည်ခိုင်ဖြိုးပါတီဝင်သစ်များစည်းရုံး ပါတီဝင်အင်အားစိစစ်

 

ရန်ကုန်တိုင်းဒေသကြီး လမ်းမ တော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့ညနေ ၄နာရီက မြို့နယ် ပါတီဥက္ကဋ္ဌ ဒေါ်သက်ထားလှိုင်၊ အတွင်းရေးမှုးဦးထွန်းမြင့်အောင်၊ ဘဏ္ဍာရေးမှူး ဦးမျိုးသန့်နှင့် မြို့ နယ်ကော်မတီဝင်များ၊ ရပ်/စည်း အမှုဆောင်များသည် အဖွဲ့များ ခွဲလျက် လမ်းမတော်(၉)ရပ်ကွက် အတွင်းပါတီဝင်သစ်များ စည်း ရုံးခြင်း၊ ပါတီဝင်အင်အားများ စနစ်တကျပြန်လည်စိစစ်ခြင်းနှင့် ပါတီနှစ်စဉ်ကြေးကောက်ခံခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။

မျိုးသန့်(လမ်းမတော်)