မင်္ဂလာဒုံပြည်ခိုင်ဖြိုးလူငယ်နှင့် အမျိုးသမီးရေးရာတာဝန်ခံများတွေ့ဆုံညှိနှိုင်း

 

ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာဒုံ မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယနေ့ နံနက် ၉ နာရီက မြို့နယ် ပြည်ခိုင်ဖြိုးပါတီလူငယ်ရေးရာနှင့် အမျိုးသမီးရေးရာ တာဝန်ခံများ တွေ့ဆုံညှိနှိုင်း အစည်းအဝေး ကျင်းပရာ ခရိုင်ပါတီကော်မတီဝင် (နယ်မြေတာဝန်ခံ) ဦးမျိုးဇော်၊ အမျိုးသမီးနှင့် လူငယ်ရေးရာ တာဝန်ခံ ဒေါ်သင်းသင်းလှိုင်၊ မြို့နယ်အတွင်းရေးမှူး ဦးမျိုးမင်း နိုင်နှင့် ရေးရာတာဝန်ခံများ တက် ရောက်၍ မြို့နယ်၊ ရပ်ကွက် လူငယ်နှင့် အမျိုးသမီးရေးရာ တာဝန်ခံများနှင့်တွေ့ဆုံ၍ လုပ်ငန်း စဉ်များကို ဆွေးနွေးမှာကြားခဲ့ ကြောင်း သိရသည်။

ခင်စန္ဒီလင်း(မင်္ဂလာဒုံ)