တောင်ငူခရိုင်ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲရေးနည်းပြ(ဆင့်ပွား)သင်တန်းဖွင့်

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံ ခန့်ခွဲရေးနည်းပြ(ဆင့်ပွား)သင်တန်းကို ယမန်နေ့ နံနက်ပိုင်းက ခရိုင် ပါတီရုံးတွင် ကျင်းပခဲ့သည်။
သင်တန်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော် မတီဝင် ပဲခူးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်း၊ တောင်ငူခရိုင် ပါတီဥက္ကဋ္ဌ ဦးတင်စိုး၊ သင်တန်းနည်းပြ ဦးသိန်းမြင့်ထွန်း(ရေတာရှည်) မြို့နယ် ပါတီဥက္ကဋ္ဌနှင့် တောင်ငူမြို့နယ် ပါတီဥက္ကဋ္ဌ ဦးမောင်မောင်စိုး တို့က ဦးဆောင်ဆွေးနွေးပို့ချပြီး တောင်ငူခရိုင် ခြောက်မြို့နယ်မှ မြို့နယ် ပါတီဥက္ကဋ္ဌ အပါအဝင်စုစုပေါင်း သင်တန်းသားသင်တန်းသူ ၅ဝ ခန့် တက်ရောက်ကြသည်။
အဆိုပါသင်တန်းအား နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ကြီး(ကျောက်ကြီး)