အမေရိကန်တွင် မိုးကြိုးမုန်တိုင်း ဖြစ်ပေါ်နိုင်ကြောင်း သတိပေး

အမေရိကန်ပြည်ထောင်စု အရှေ့တောင်ပိုင်းနဲ့ အနောက်အလယ်ပိုင်း ပြည်နယ်တွေမှာ ပြင်းထန်တဲ့ မိုးကြိုး မုန်တိုင်းတွေကို ဖြစ်ပေါ်စေနိုင်တဲ့ ရာသီဥတုအခြေအနေမျိုး တွေ့ရကြောင်း အမျိုးသားမိုးလေဝသဌာနက ဧပြီ ၅ ရက်နေ့မှာ ကြိုတင်သတိပေးလိုက်ပါတယ်။

အလာဘားမား၊ ဂျော်ဂျီယာ၊ ကင်တပ်ကီ၊ တောင်ကယ်ရိုလိုင်းနားနဲ့ တင်နက်ဆီပြည်နယ်တွေဟာ ၅ ရက်နေ့ ညနေပိုင်းကစလို့ ပြင်းထန်တဲ့ မုန်တိုင်းဒဏ်တွေကို ခံရဖွယ်ရှိပြီး အကျိုးဆက်အနေနဲ့ ကြီးမားတဲ့ မိုးသီးတွေ ကြွေကျနိုင်ကာ လေပြင်းလည်း တိုက်ခတ်နိုင်တယ်လို့ မိုးလေဝသဌာနက ကြိုတင်ခန့်မှန်း ပါတယ်။

အလာဘားမားပြည်နယ်မှာဆိုရင် ဒေသစံတော်ချိန် ၅ ရက်နေ့ ည ၉ နာရီအထိ မိုးသီးတွေကြွေပြီး ပြင်းထန်တဲ့ လေဆင်နှာမောင်း တိုက်ခတ်နိုင်တယ်လို့ သတိပေးထားပါတယ်။

အတ္တလန္တာပြည်နယ်က လူဦးရေ ၅ ဒသမ ၇ သန်းကတော့ တနေ့လုံး မိုးရွာသွန်းတဲ့ဒဏ်ကို ခံရနိုင်ပြီး မိုးရေချိန် ၂ လက်မကနေ ၂ လက်မခွဲလောက်ထိ ရွာသွန်းနိုင်တယ်လို့ ဆိုပါတယ်။

မစ်ဇူရီပြည်နယ်မှာတော့ ဧပြီ ၄ ရက် ညက လေဆင်နှာမောင်း တိုက်ခတ်တာကြောင့် Goodman မြို့ မီးသတ်ဌာနနဲ့ မူလတန်းကျောင်းတကျောင်း ပြင်းပြင်းထန်ထန် ပျက်စီးခဲ့ပါတယ်။

အမေရိကန် အရှေ့တောင်ပိုင်းမှာ မကြာသေးခင်ကပဲ လေဆင်နှာမောင်း တိုက်ခတ်ခဲ့တာကြောင့် လူ ၄ ဦး သေဆုံးခဲ့ပြီးဖြစ်ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။

(DVB)