NLD ပါတီ ကယားပြည်နယ် ဥက္ကဌနှင် ဖရူဆို မြို့နယ်ဥက္ကဌတို့အား ပါတီတာဝန်မှ ရပ်ဆိုင်း

ကြားဖြတ်ရွေးကောက်ပွဲအပြီး နှစ်ရက်အကြာတွင် NLD ပါတီ၏ ကယားပြည်နယ် ဥက္ကဌနှင့် ဖရူဆိုမြို့နယ် ဥက္ကဌ နှစ်ဦးအား ပါတီတာဝန် ရပ်ဆိုင်းလိုက်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ထုတ်ပြန်ကြေညာလိုက်သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ဖရူဆိုမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ပါတီ ကိုယ်စားလှယ်အမည် စာရင်းတင်သွင်းမှု နောက်ကျခဲ့သည့်အတွက် ယှဉ်ပြိုင်ခွင့်မရခဲ့ပဲ လူမျိုးပေါင်းစုံပါတီမှ ဦးသဲရယ်က အနိုင် ရရှိခဲ့သည်။

“အမည်စာရင်းတင်သွင်းဖို့ နောက်ကျခဲ့တာဟာ ပြည်နယ်ဥက္ကဌဖြစ်တဲ့ ဒေါ်ခင်စည်သူမှာ တာဝန်အရှိဆုံး” ဟု ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောဆိုထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကယားပြည်နယ် ဥက္ကဌ ဒေါက်တာခင်စည်သူနှင့် ဖရူဆိုမြို့နယ် ဥက္ကဌဖြစ်သူ ဦးပဲ့ဒူတို့ နှစ်ဦးအား ယနေ့ရက်စွဲဖြင့် ထုတ်ပယ်ကြောင်း ကြေငြာချက်တစ်စောင် ထုတ်ပြန် ခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ် ၁၉ နေရာရှိခဲ့သော်လည်း NLD ပါတီသည် ၁၈ နေရာသာဝင်ပြိုင်ခွင့် ရရှိခဲ့သည်။

#ကိုပေါက်