ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ကော့မှူးမြို့နယ်ရှိ ပြည်သူလူထုနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး နှင့် ရန်ကုန်တိုင်းဒေသကြီး ကော့ မှူးမြို့နယ် ပြည်သူလူထုတွေ့ဆုံပွဲ ကို ယနေ့နံနက် ၈နာရီတွင် ကော့မှူး မြို့နယ် မဆယ်ဆိပ်ကျေးရွာ၌ ပြု လုပ်ခဲ့သည်။
တွေ့ဆုံပွဲတွင် ပြည်ခိုင်ဖြိုးပါ တီဥက္ကဋ္ဌ ဦးသန်းဌေး ပြောကြား သည့်အမှာစကားမှ ကောက်နုတ် ချက်များမှာ…
* ဒီနေ့ ခင်ဗျားတို့ပတ်ဝန်းကျင် မှာ စိတ်ချမ်းသာစရာတွေ တွေ့နေသလား။ စိတ်မချမ်း သာစရာတွေနဲ့ ရင်ဆိုင်နေရ သလား။ မိမိခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်မှုအခြေအနေ ဘယ်လိုရှိသလဲ။ ဒါတွေကို သိမြင်နိုင်တဲ့ စွမ်းအားရှင်ဟာ ကိုယ်ကိုယ်တိုင်ဖြစ်ပါတယ်။
* ဒီနေ့ကျွန်တော်တို့ပြည်သူလူထု ကြုံတွေ့နေရတဲ့ စိတ်မချမ်း သာစရာအခင်းအကျင်းတွေ
* စိတ်မချမ်းသာစရာဆိုတာက ရပ်ထဲရွာထဲမှာ အေးအေးချမ်းချမ်းနေရရဲ့လား။ ထိတ်ထိတ်လန့်လန့် နေရတာလား။ လုံလုံခြုံခြုံနေရတာလား။ မလုံမခြုံနေရတာလား။ ကိုယ်ပြောချင်တဲ့ စကားကို လွတ်လွတ်လပ်လပ် ပြောရဲသလား။ အကြောက်တရားတွေနဲ့ နေနေရသလား။ မိမိတို့နေ့စဉ် ယုံကြည် ကိုးကွယ်မှု မတောင့်မတ မကြောင့်မကြ လုပ်နိုင်နေပြီလား။
* အဲ့ဒီအတွက် စိုးရိမ်စရာတွေ ဖြစ်နေသလား။ မိမိတို့စီးပွားရေးအခြေအနေ လွယ်လွယ်ကူကူ အေးအေး ချမ်းချမ်း ရှာဖွေစားသောက်လို့ ရလား၊ မရဘူးလား။
* အဲ့ဒါတွေ အားလုံးအကျူံးဝင်တယ်။ အဲ့ဒီ ကျန်းမာခြင်း၊ ချမ်းသာခြင်းကို တစ်စုံတစ်ယောက်က၊ အဖွဲ့အစည်းတစ်ခုက ပြုပြင်ဖန်တီးနေပြီဆိုရင်လည်း ဒီအဖွဲ့အစည်းကို ခင်ဗျားတို့ လက်ခံလိုမှု၊ လက်မခံလိုမှု ဒီလုပ်ပိုင်ခွင့်ဟာ ခင်ဗျားတို့ လက်ထဲမှာရှိတယ်။
* အဲ့ဒီလုပ်ပိုင်ခွင့်တွေ မကြာခင် ဒီနေ့ဟာ ၂၉ရက်ပါ။ ကြားနှစ်ရက်ပြီးရင် နောက်တစ်ရက်မှာ ခင်ဗျားတို့ ကိုယ်လိုချင်တဲ့အခြေအနေကို ကိုယ်တိုင်ဖန်တီးခွင့် လက်ထဲကိုရောက်လာပါမယ်။
* တည့်တည့်ပြောရရင် ခင်ဗျားတို့ ဒီနေ့ရင်ဆိုင်နေရတဲ့ ပတ်ဝန်းကျင်အခြေအနေ ကျေနပ်ပါတယ်။ နှစ်သက်ပါတယ်။ ဒီပတ်ဝန်းကျင်ဟာ မိမိဘဝရှင်သန်ရပ်တည်မှုအတွက် လုံလောက်တဲ့ အာမခံချက် ပေးနိုင်တဲ့အခြေအနေပါလို့ ယုံကြည်ရင် ဒီအတိုင်းနေရုံပါပဲ။
* ရှင်းရှင်းပြောရရင် ကျွန်တော်တို့ ပြည်သူလူထုက ရှင်ကြီးဝမ်းလည်း ဝင်ပြီးပြီ၊ ရှင်ငယ်ဝမ်းလည်း ဝင်ခဲ့ပြီးပါပြီ။ ဘယ်ဝမ်းထဲမှာနေရတာ ဘယ်လောက်ဒုက္ခရောက်တယ်။ ဘယ်လောက် ပျော်စရာ ကောင်းတယ်။ အားလုံးသိကြပြီး ဖြစ်ပါတယ်။ ဒါကြောင့် ရက်ပိုင်းအတွင်းမှာ မိမိလက်ထဲကို ရောက်လာမဲ့ ရွေးချယ်ခွင့်ကို ရဲရဲတင်းတင်း မှန်မှန်ကန်ကန်သုံးပါ။ ဘယ်သူ့ကိုမှ ကြောက်စရာ မလိုပါဘူး။
* ကျွန်တော်တို့ပါတီအနေနဲ့ကတော့ အဲ့ဒီရွေးချယ်လိုက်တဲ့ မည်သူတစ်ဦး ရွေးချယ်မှုကိုပဲဖြစ်ဖြစ် ကျွန်တော်တို့ လက်ခံဖို့အသင့်ပါပဲ။ ပြည်သူလူထုရဲ့ အကြောက်တရားမပါဘဲ။ မတရားဆုံးဖြတ်တဲ့ အဆုံးအဖြတ်မဟုတ်ဘဲ၊ ညစ်ပတ်ရယူသွားသော ဆုံးဖြတ်ချက်မဟုတ်ဘဲဆိုရင် လက်ခံဖို့အသင့်ပါပဲ။
* ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲမှာလည်းပဲ ရှုံးနိမ့်ခဲ့တဲ့အရှုံးကို ဒီအတိုင်းပဲ ဣနြေ္ဒမပျက်ဘဲနဲ့ လက်ခံခဲ့တာပါ။ ဒါဘာလဲဆိုရင် ကျွန်တော်တို့ ပြောနေတဲ့၊ စည်းကမ်းရှိတဲ့ ဒီမိုကရေစီကို လက်တွေ့လုပ်ပြတာ။ ရှုံးခြင်းနိုင်ခြင်းဆိုတာ ခဏပဲ စသည်ဖြင့် ပြောကြားသည်။
ထို့နောက် ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ဇင်ဟိန်းက လည်း ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရခြင်း၏ရည်ရွယ်ချက်နှင့်သဘောထားကို ရှင်းလင်းပြောကြား ခဲ့သည်။